DVB Logo
Home
မြန်မာသတင်း
မြန်မာများအား မလေးရှားဘက်ပို့ပေးသည့် လူကုန်ကူးဂိုဏ်းကို ထိုင်းရဲဖြိုခွင်း 
DVB
·
July 15, 2019
မြန်မာများအား မလေးရှားဘက်ပို့ပေးသည့် လူကုန်ကူးဂိုဏ်းကို ထိုင်းရဲဖြိုခွင်း 
1 / 2
Donate to DVB

မြန်မာနိုင်ငံသားတွေကို ကော့သောင်းဘက်ကနေ ထိုင်းနိုင်ငံထဲ တရားမ၀င် ခေါ်ဆောင်လာပြီး မလေးရှားနိုင်ငံဘက် ဆက်လက်ပို့ဆောင်ပေးတဲ့ လူကုန်ကူးဂိုဏ်း ၁ ဂိုဏ်းကို ဖြိုခွင်းခဲ့တယ်လို့ ထိုင်းနိုင်ငံ ရာဇ၀တ်မှုနှိမ်နင်းရေး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနဲ့ စားသုံး သူများ အကာအကွယ်ပေးရေး ရဲတပ်ဖွဲ့က ယမန်နေ့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်မှ ၂၄ ရက်နေ့အတောတွင်း ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် လအွန်မြို့နယ်ရှိ  ဆီအုန်းခြံတခုထဲမှာ မြန်မာနိုင်ငံသား ၄၄ ဦးကို ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး သူတို့ကို ကော့သောင်း-ရနောင်း-ချွန်းဖွန်းထိ အဆင့်ဆင့်သယ်ဆောင်လာတဲ့ လူကုန်ကူးအဖွဲ့ဝင် စုစုပေါင်း ၇ ဦးရှိကြောင်း၊ အဲဒီထဲက ၂ ဦးကို ဦးစွာဖမ်းမိခဲ့ပြီး ယမန်နေ့ကတော့ အသက် ၂၁ နှစ် အရွယ်ရှိ နိုင်းရုန့်ရိန်း ရတ်ဆုခွန်း ဆိုသူကို ရနောင်းမြို့ ဘန်လင့်ရပ်ကွက်ရှိ လိုးတပ်စ် ကုန်တိုက်ကြီးထဲကနေ ဖမ်းမိခဲ့တယ်လို့ လူကုန်တားရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ဝေါ်လ၀ပ် ၀ပ်နထနခွန်းပန်းချားက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

သူတို့အဖွဲ့ဟာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်လိုတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာပြည် ကော့သောင်းမြို့ကနေ လှေနဲ့တဆင့် ရနောင်းမြို့နယ်ကို သယ်ဆောင်လာခဲ့ကြောင်း၊ စစ်ေ ဆးရေးဂိတ်တွေ ရှောင်တဲ့အနေနဲ့ ရနောင်းမြို့ ဆိုင်းဒဲန်ဆီအုန်းခြံထဲ ခေါ်လာခဲ့တယ်လို့ ဆိုပါ တယ်။ 

အဲဒီနောက် ချွန်းဖွန်းခရိုင်ကို ဆက်လက်သယ်ဆောင်လာကြောင်း၊ မလေးရှားနယ်စပ် ဘက်ကို ဆက်သွားဖို့ အခြေအနေမပေးသေးတာကြောင့် အဆိုပါလူ ၄၄ ဦးကို ခြံတခုထဲမှာ ထား ခဲ့ကြောင်း၊ ထားခဲ့ခံရသူတွေမှာ အစာရေစာပြတ်လပ်ပြီး ခြံထဲမှာ ပင်ပန်းခက်ခဲစွာနေထိုင်ရလို့ တာ ၀န်ရှိသူတွေက သွားရောက်ကယ်ထုတ်လာရတယ်လို့  ဒုရဲမှူးချုပ်က ပြောပါတယ်။  

ဒီကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ် လူ ၃ ဦး ဖမ်းဆီးရမိပြီဖြစ်ကာ သူတို့ကို  ပူးပေါင်း လူကုန်ကူးမှု၊ အသက် ၁၈ နှစ်အောက် လူငယ်များအား (သဘောတူသည်ဖြစ်စေ ) လူကုန်ကူးမှု၊ တရားမ၀င်သူတွေကို ထိုင်းအာဏာစက်နယ်မြေထဲ တရားမ၀င်ခေါ်ဆောင်လာပြီး အဖမ်း မခံရရေး သိုဝှက်ကာကွယ်ပေးမှု၊ တရားမ၀င်သူတွေကို နေရာထိုင်ခင်းပေးမှု၊ နိုင်ငံခြားသားတွေနဲ့ ပူးပေါင်းပြီး ဥပဒေနဲ့မညီညွတ်တာဆောင်ရွက်မှု၊ တရားမ၀င်ဂိုဏ်းဖွဲ့မှု စတာတွေနဲ့ အရေးယူ ထားတယ်လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး အဆိုပါဂိုဏ်းထဲက ထွက်ပြေးလွတ်မြောက်နေသူ ၄ ဦးကိုလည်း ဥပဒေအရ အရေးယူအပြစ်ပေးနိုင်ဖို့ ဆက်လက်စုံစမ်းရှာဖွေနေတယ်လို့ တာဝန်ရှိသူက သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ 

ကိုးကား - မန်နေဂျာအွန်လိုင်း 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013