DVB Logo
Home
မြန်မာသတင်း
အေအေအဖွဲ့ထံတွင် ကျန်းမာစွာရှိနေကြောင်း မြေတိုင်းအရာရှိ ပြောထားသည့်ရုပ်သံ ထွက်ပေါ်
DVB
·
July 15, 2019
အေအေအဖွဲ့ထံတွင် ကျန်းမာစွာရှိနေကြောင်း မြေတိုင်းအရာရှိ ပြောထားသည့်ရုပ်သံ ထွက်ပေါ်
Donate to DVB

အေအေအဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နေပြည်တော် မြေတိုင်းဦးစီးအရာရှိ အပါအဝင် ဖမ်းဆီခံထားရသူတွေ အားလုံးကျန်းမာစွာရှိနေတယ်ဆိုပြီး မိသားစုတွေဆီကို ပြောကြားတဲ့ ဗွီဒီယို ဖိုင်တခု ဇူလိုင် ၁၄ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ ပေါ်ထွက်လာပါတယ်။ 

အဲ့ဒီ ဗွီဒီယိုဖိုင်ထဲမှာ မြေတိုင်းဦးစီး အရာရှိဖြစ်သူ ဦးဇင်အောင်က သူတို့အားလုံး ကျန်းမာစွာရှိနေပြီး အေအေအဖွဲ့က သူတို့ကို ကောင်းမွန်စွာဆက်ဆံနေရာချထားပေးသလို နေမကောင်းတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှုရှိကြောင်း၊ အေအေအဖွဲ့က စားသလို သူတို့ စားရပြီး သူတို့ကို ညှဉ်းပန်းနှိပ်စက်တာ၊ အလုပ်ကြမ်းခိုင်းစေတာမရှိဘူးလို့ ပြောကြားထား ပါတယ်။ 

သူအပါအဝင် ဖမ်းဆီးခံထားရတဲ့ မိသားစုတွေကို ကျန်းမာရေးဂရုစိုက်ကြဖို့ မှာကြားထား ပါတယ်။ သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မျှော်လင့်တယ်လို့ ဗွီဒီယိုဖိုင်မှာ ပြောဆိုထားပါတယ်။

သူတို့ကို  အေအေအဖွဲ့က ဘဂ်လားဒေ့ရှ်-မြန်မာ နယ်စပ်ခြံစည်းရိုး စီမံကိန်း ဆောင်ရွက်နေချိန် ၂၀၁၉ မတ် ၁၉ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။ 

အခုလို မြေတိုင်းဦးစီးအရာရှိအပါအဝင် အခြားသူတွေရဲ့ အခြေအနေကို သိရသလို ဆုထူးပန်ကုမ္ပဏီက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူတွေရဲ့ အခြေအနေကိုလည်း သိရှိခွင့်ရဖို့ မိသားစုဝင်တွေက မျှော်လင့်နေကြပါတယ်။

အေအေအဖွဲ့ ထိန်းသိမ်းထားတဲ့ ဆုထူးပန်ကုမ္ပဏီက ဝန်ထမ်းတွေနဲ့ အဆက်အသွယ်ရရှိဖို့ အတွက် မိသားစုဝင်တွေက ICRC ကမ္ဘာကြက်ခြေနီအဖွဲ့ကနေတဆင့် ဆက်သွယ်ဆောင်ရွက်မှု တွေ ရှိနေတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013