DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး ကလေး ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
DVB
·
July 15, 2019
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး ကလေး ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
Donate to DVB

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၇၇/၆ နဲ့ ၇အကြား ၀မ်းတွင်းမြို့နယ်၊ ရွှေကူရွာအနီးမှာ ဇူလိုင် ၁၃ ရက်နေ့က လမ်းဘေးမှာ ဆော့ကစားနေတဲ့ ကလေး ၂ဦးကို ယာဉ် တိုက်မိလို့ ၁ ဦးသေဆုံးပြီး  ၁ ဦးဒဏ်ရာရသွားတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။

မန္တလေးဘက်ကို မောင်းလာတဲ့ MITSUBISHI TRITON အမျိုးအစား အနက်ရောင် ပစ်ကပ်ကားကို မောင်းနှင်လာတဲ့ ယာဉ်မောင်း အောင်ကျော်မျိုး(၃၉နှစ်) အိပ်ငိုက်သွားရာက ကားက လမ်းညာဘက်ဘေးကို ထိုးကျသွားခဲ့တာပါ။

လမ်းညာဘက်ဘေး မြေသားလမ်းပေါ် ဆော့ကစားနေကြတဲ့  ၃တန်းကျောင်းသူ မပူစူးမ(၉နှစ်)နဲ့ မောင်ကောင်းထက်(၄နှစ်)တို့ကို ကားဖြင့်တိုက်မိရာ မောင်ကောင်းထက်ကတော့ နေရာတင်သေဆုံးခဲ့ပြီး မပူစူးမကတော့ ဒဏ်ရာရသွားတယ်လို့ ရွှေတောင်ရွာရဲ စခန်းဒုရဲအုပ်ကျော်စွာဟိန်းကပြောပါတယ်။

 "ကားက မြေသားလမ်းပေါ် ရောက်သွားတယ် အဲမြေသား လမ်းဘေးမှာ ဆော့ကစားနေတဲ့ ကလေး၂ယောက်ကို တိုက်မိတာ ကလေး ၁ဦးကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးတယ် ၁ဦးကတော့ ဒဏ်ရာရတယ် ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်" လို့ ပြောပါတယ်။

ဒေသခံဦးကျော်က"ကားသမား ခရီးအတော်ပန်းလာပုံရတယ်။ ကားမောင်းရင်း အိပ်ငိုက်သွားတယ်တဲ့ ကားကတစောင်းကြီး ပြေးလာပြီး ကလေးတွေကို တိုက်မိသွားတယ်။ ကျောက်ပုံခံနေတော့ ကားရပ်သွားတယ်"လို့ပြောပါတယ်။

ယာဉ်မောင်း အောင်ကျော်မျိုးကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ သာမန်ဒဏ်ရာရစေမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇ နဲ့   ရွှေတောင်ရွာရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013