DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးတွင် H1N1 ကြောင့် သေဆုံးသူ ၄၈ ဦးရှိပြီ
DVB
·
July 15, 2019
တနိုင်ငံလုံးတွင် H1N1 ကြောင့် သေဆုံးသူ ၄၈ ဦးရှိပြီ
Donate to DVB

ရာသီတုပ်ကွေး H1N1 ကြောင့် မြန်မာတနိုင်ငံလုံးမှာ ဇူလိုင် ၁၄ ရက်နေ့အထိ သေဆုံးသူ ၄၈ ယောက်ရှိပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေက ရန်ကုန်တိုင်းမှာ ၃၈ ဦး၊ ဧရာဝတီတိုင်းမှာ ၄ ဦး၊ ပဲခူးတိုင်းမှာ ၂ ဦး၊ စစ်ကိုင်းတိုင်းမှာ ၂ ဦး နဲ့ မွန်ပြည်နယ်မှာ ၂ ဦး ဖြစ်တယ်လို့ သိရပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ H1N1 ရောဂါပိုး သံသယလူနာအဖြစ် စစ်ဆေးသူ ၆၅၇ ဦးမှာ ရောဂါပိုး ကူးစက်ခံထားရသူ ၂၆၅ ဦး ရှိပါတယ်။

ရန်ကုန်လို လူဦးရေထူထပ်တဲ့ နေရာမှာတော့ ရောဂါပိုးကူးစက်တာ အများဆုံးရှိတဲ့ မြို့နယ်တွေက တောင်ဒဂုံ၊ လှိုင်သာယာနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့ ထက်ဝက်ကျော် ၅၂ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်ကနေ ၆၅ နှစ် အရွယ်တွေဖြစ်ပြီး အသက် ၁ နှစ်ကနေ ၅ နှစ်အရွယ်ကလေးတွေ သေတာကတော့ စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်း ရှိပါတယ်။

ရာသီတုပ်ကွေးရောဂါ လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက် မအီမသာတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အော့အန်တာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်တတ်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်ကနေ ၅ ရက်အတွင်း ဖြစ်ပါတယ်။

သေဆုံးသူအများစုဟာ နှလုံး၊ ဆီးချိုလို နာတာရှည်ရောဂါ အခံရှိသူတွေလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေကပြောပြီး ဒီရောဂါဟာ အသက် ၂ နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၆၅ နှစ်အထက် လူကြီးတွေမှာ ပိုပြီး အဖြစ်များတယ်လို့လည်း ဆိုပါတယ်။

အရင်နှစ်တွေက ရောဂါပိုးတွေ့သူတွေကို ကုသနိုင်ဖို့ ဆေးရုံကြီး ၈ ခုမှာပဲ စီစဉ်ထားခဲ့ပေမယ့် ဒီနှစ်မှာတော့ မြောက်ဥက္ကလာပ၊ အင်းစိန်၊ လှိုင်သာယာနဲ့ တိုင်းနဲ့ ပြည်နယ်အဆင့် ဆေးရုံကြီး ၁၅ ခုမှာ တိုးချဲ့ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013