DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် H1N1 လူနာ ၂ ဦး ပထမဆုံးတွေ့ရှိ
DVB
·
July 14, 2019
ကယားပြည်နယ်တွင် H1N1 လူနာ ၂ ဦး ပထမဆုံးတွေ့ရှိ
Donate to DVB

ရာသီတုပ်ကွေး​ရောဂါ H1N1 နဲ့ ပတ်သက်ပြီး ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံ မှာ ပထမဆုံး H1N1 ရောဂါပိုးတွေ့ရှိတဲ့ လူနာ ၂ ယောက်ကို ကုသပေးနေတယ်လို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။

ပထမဆုံး ရောဂါပိုးတွေ့ရှိတဲ့ လူနာ ၂ ယောက်ဟာ ကလေးငယ်တွေဖြစ်ပြီး လွိုင်ကော်မြို့ နာနတ်တောနဲ့ ပန်ကန်းရပ်ကွက်မှာ နေထိုင်ကြသူတွေလို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားပါတယ်။

နာနတ်တော ရပ်ကွက်မှာ အသက် ၁၂ နှစ်ရွယ်ကလေးနဲ့ ပန်ကန်းရပ်ကွက် အသက် ၈ လအရွယ် ကလေးငယ်တွေဟာ ဇူလိုင် ၇ ရက်နေ့က လွိုင်ကော်ပြည်သူ့ဆေးရုံကို ရောက်လာခဲ့ပြီး ဆေးကုသတဲ့အခါမှာ ရောဂါ မသက်သာလာတဲ့အတွက် ၁၂ ရက်နေ့မှာ နှာခေါင်း တို့ပတ် နမူနာကို ပို့တဲ့အခါမှာ AH1N1 ရောဂါပိုးတွေ့ရှိကြောင်း အဖြေရရှိခဲ့တာလို့ ဒေါက်တာ ဌေးလွင်က ပြောပါတယ်။ 

“ပြီးခဲ့တဲ့ တပတ်ထဲမှာ တက်ခဲ့တဲ့ ဒီကလေးနှစ်ယောက်၊ ၈ လသားလေး တယောက်ရယ်၊ ၁၂ နှစ်သားလေးတယောက်ရယ် ကျနော်တို့ ဒီဟာပို့လိုက်တဲ့အခါမှာ အဲဒီအဖြေထွက်လာတဲ့ အတွက် အဖြေသည် မနေ့ညက အီးမေးလ်နဲ့ ရောက်လာတယ်။ အဲတော့ ဒီနေ့မနက်က အားလုံး အစိုးရအဖွဲ့ကိုလည်း အသိပေးတယ်။ ဖြစ်နေတဲ့ ရပ်ကွက်တွေ၊ အိမ်တွေလည်း သွားတယ်။ ဒါပေမယ့် ကလေး ၂ ယောက်ရဲ့အခြေအနေက အခု ဆေးရုံကြီးမှာ အဖျားလည်းကျသွားပြီ။ အသက်ရှူကြပ်တာတွေ မရှိတော့ဘူး။ ကလေးနှစ်ယောက်ရဲ့ အခြေအနေ ကောင်းတယ်။”

အဆိုပါ ရောဂါဖြစ်ပွားနေတဲ့ ကလေးနှစ်ယောက်ကိုလည်း သီးခြားအဆောင်မှာ ကုသပေး နေတယ်လို့ လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စိန်စိန်က ပြောပါတယ်။

“ဒီကလေး ၂ ဦးကို ကလေးကုသဆောင်ကနေပြီးတော့ ဒီလိုကူးစက်ရောဂါတွေကို သီးခြားခွဲထားရတဲ့ isolation ward လို့ခေါ်တဲ့ သီးခြား ward ကို ကျမတို့ ပေးပို့ထားပြီး ဖြစ်ပါတယ်။ ဒီကလေးတွေကို အဲဒီမှာ သီးခြားကျမတို့ရဲ့ train လုပ်ထားသော သူနာပြုများနဲ့ ဆက်လက်ပြီးတော့ စောင့်ကြပ်ကြည့်ရှုနေပါတယ်။ ကလေးရဲ့မိဘတွေဆွေမျိုးတွေကိုလည်း မလိုလားအပ်ဘဲနဲ့ ဒီအခန်းထဲကိုမ၀င်ဖို့နဲ့ သူတို့အတွက်လိုအပ်သော လူနာစောင့်ကလွှဲ၍ အ၀င်မခံတော့ပါဘူး။ လူနာဆောင်များကိုလည်း ကျန်းမာရေးအသိပညာတွေကုန်လုံးပေးပြီးတော့ ကျမတို့ N95 နှာခေါင်းစည်းနဲ့ ကျမတို့ isolation ward ထဲမှာ ထားရှိပါတယ်။”

ဒါ့အပြင်ကလေး ၂ ဦးရဲ့ ကျန်းမာရေးဟာ တိုးတက်ကောင်းမွန်လာပေမယ့် သူတို့ကို သီးသန့်ဆောင်မှာပဲထားရှိပြီး ဆက်လက်ကုသပေးမယ်လို့လည်း ဒေါက်တာဒေါ်စိန်စိန်က ပြောပါတယ်။

ဒီရောက်ကုသတွေတဲ့လူနာထဲမှာ ဒီကလေး နှစ်ယောက်က ပထမဦးဆုံး စတင်တွေ့ရှိတဲ့ သံသယလူနာဖြစ်ပြီး နှစ်ဦးလုံး ရောဂါပိုး တွေ့ရှိတာဖြစ်ပါတယ်။ 

ရာသီးတုပ်ကွေးရောဂါ H1N1 လူနာရောဂါပိုးမတွေ့ရှိခင် ဇူလိုင် ၁၂ ရက်နေ့က ဆေးရုံမှာ တာဝန်ထမ်းဆောင်တဲ့ ၀န်ထမ်းတွေကို ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးပေးခဲ့ပြီး လာမယ့် တနင်္လာနေ့ကျရင်တော့ ကျန်တဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ တခြားမြို့နယ်က ကျန်းမာရေး ၀န်ထမ်းတွေကို  ကာကွယ်ဆေးထိုးပေးသွားမယ်လို့ ဒေါက်တာ ဌေးလွင်က ပြောပါတယ်။

ဒါ့အပြင် ဆေးပိုလျှံရင်လည်း ရောဂါကူးစက်မှု လွယ်ကူတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ တခြားကလေးငယ်တွေကို ဆက်လက်ထိုးပေးမယ်လို့ ဆိုပါတယ်။

ရာသီတုပ်ကွေး H1N1 ကြောင့် မေ ၁ ရက်ကနေ ဇူလိုင် ၁၃ ရက်နေ့အထိ သေဆုံးသူပေါင်း ၄၃ ယောက်ရှိတယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ထုတ်ပြန်ထားပါတယ်။ 

သေဆုံးသူတွေရဲ့ ထက်ဝက်ကျော် ၅၂ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်ကနေ ၆၅ နှစ် အရွယ်တွေဖြစ်ပြီး အသက် ၁ နှစ်ကနေ ၅ နှစ်အရွယ်ကလေးတွေ သေတာကတော့ စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းရှိပါတယ်။

ရာသီတုပ်ကွေးရောဂါ လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက် မအီမသာတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အော့အန်တာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်တတ်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်ကနေ ၅ ရက်အတွင်း ဖြစ်ပါတယ်။

သေဆုံးသူအများစုဟာ နှလုံး၊ ဆီးချိုလို နာတာရှည်ရောဂါအခံရှိသူတွေလို့ ကျန်းမာရေး ဌာန တာဝန်ရှိသူတွေကပြောပြီး ဒီရောဂါဟာ အသက် ၂ နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၆၅ နှစ် အထက် လူကြီးတွေမှာ ပိုပြီး အဖြစ်များတယ်လို့လည်း ဆိုပါတယ်။

အရင်နှစ်တွေက ရောဂါပိုးတွေ့သူတွေကို ကုသနိုင်ဖို့ ဆေးရုံကြီး ၈ ခုမှာပဲ စီစဉ်ထား ခဲ့ပေမယ့် ဒီနှစ်မှာတော့ မြောက်ဥက္ကလာပ၊ အင်းစိန်၊ လှိုင်သာယာနဲ့ တိုင်းနဲ့ ပြည်နယ်အဆင့် ဆေးရုံကြီး ၁၅ ခုမှာ  တိုးချဲ့ ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။ 

၂၀၁၇ ခုနှစ်တုန်းက A(H1N1)pdm09 ပိုးကူးစက်ခံရသူပေါင်း ၄၀၆ ယောက်မှာ ၃၈ ယောက်သေဆုံးခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013