Home
မြန်မာသတင်း
မင်းတုန်းစက်​​လှေ​မှောက်​ ​ပျောက်​ဆုံး​ ​ကျောင်းသူ ၃ ဦးကို ကယ်​ဆယ်​​ရေး ​ရေငုပ်အဖွဲ့ ကူညီရှာ​ဖွေ
DVB
·
July 14, 2019
66798981_2400519113524833_6375204495017639936_n
66590249_2400519073524837_6447724047147991040_n
66511552_2400519003524844_5323813483257528320_n
66732267_2400519036858174_2669529947801911296_n
မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ​ ဇူလိုင်​ ၁၂ ရက်​​နေ့က စက်​​လှေ​မှောက် ​​ပျောက်​ဆုံးလျက်​ရှိ​နေ​တဲ့ ​ကျောင်းသူ  ​၃ ဦးကို ဒီက​နေ့မနက်​ပိုင်းက ​အထက်​ မြန်​မာပြည်​ ကယ်​ဆယ်​​ရေး ​ရေငုပ်​အဖွဲ့က လာရောက် ကူညီရှာ​ဖွေပေးနေတယ်လို့ သိရပါတယ်။ “မနက်​က ၈ နာ​ရီ​လောက်​​ရောက်​တယ်/။ ဒီက​ဒေသခံ ကာယကံရှင်​​တွေက အကူညီ​တောင်းလို့ လာ​ရောက်​ကူညီ​ပေးတာပါ” လို့ ဦးလှိုင်​မင်းဦး (မြန်​မာနိုင်​ငံ လူမှုကယ်​ဆယ်​​ရေးအဖွဲ့ ဥက္ကဋ္ဌ မန္တ​လေးတိုင်း​) က ပြောပါတယ်။ မင်းတုန်းမြို့ အမှတ် ၁ ရပ်ကွက်နဲ့ မင်းတုန်းချောင်း အနောက်ဘက်ကမ်း ပေါက်ကိုင်းကျေးရွာကို ပြေးဆွဲတဲ့ စက်လှေတစီးဟာ ဇူလိုင် ၁၂ ရက်နေ့က မင်းတုန်း​ချောင်းနှင့်​ မူး​ချောင်း အဆုံမှာ ​ရေစီအားသန်​လို့ တိမ်းမှောက်ခဲ့တာဖြစ်​ပြီး လူ ၁၈ ဦးတင်​​ဆောင်​လာရာမှ ​ကျောင်းသူ ၄ ဦး​ ပျောက်​ဆုံး​ခဲ့တာပါ။ မ​နေ့ကတော့ ဌာနဆိုင်​ရာတွေ၊ လူမှု​ရေးအဖွဲ့အစည်းတွေက ၀ိုင်းဝန်းရှာ​ဖွေရာမှာ မဂျူးဂျူးဟန်​ ၉ တန်း​ကျောင်းသူ ရဲ့ အလောင်းကို မင်းတုန်း မြို့နဲ့ ၆ မိုင်​လောက်အကွာမှာ ဆယ်ယူရရှိခဲ့ပါတယ်။ ကိုလင်း(​ချောက်​)- ဓာတ်​ပုံ၊ဦးဝင်း​ရွှေ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024