DVB Logo
Home
မြန်မာသတင်း
အာဇာနည်နေ့ အထိမ်းအမှတ် စတုဒီသာ ကျွေးမွေးမှုများ မန္တ​လေးတွင် စတင်
DVB
·
July 14, 2019
အာဇာနည်နေ့ အထိမ်းအမှတ် စတုဒီသာ ကျွေးမွေးမှုများ မန္တ​လေးတွင် စတင်
1 / 5
Donate to DVB

ဇူလိုင်လ ၁၆ ရက်နေ့ ဝါဆိုလပြည့်နေ့နဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့ အထိမ်းအမှတ် စတုဒီသာ ကျွေးမွေးမှုတွေကို မန္တ​လေးမြို့မှာ စတင်ပြုလုပ်နေပါတယ်။

အခုလို စတုဒီသာ ကျွေးမွေးလှူဒါန်းမှုတွေကို မန္တ​လေးမြို့အနှံ့ ကျင်းပကြတာဖြစ်ပြီး ဇူလိုင် ၁၄ ရက်နေ့မှာတော့ Global A1 ကုမ္ပဏီကနေ ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်းပေါ်မှာ သုံးရက်ဆက်တိုက် စတုဒီသာ ကျွေးမွေးလှူဒါန်းမယ့်အပြင် အာဇာနည်နေ့မှာလည်း စတုဒီသာ ကျွေးမွေးမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

"မြန်မာလူမျိုးတို့ရဲ့ အထွဋ်အမြတ်ထားတဲ့ ဝါဆိုလပြည့်နေ့၊ပြီးတော့ မြန်မာနိုင်ငံရဲ့ အထင်ကရ ခေါင်းဆောင်တွေဖြစ်တဲ့ အာဇာနည်တွေ ကျဆုံးတဲ့နေ့ကို ကျနော်တို့ အသိအမှတ်ပြုတဲ့ အနေနဲ့ ဒီပွဲကို ကျင်းပပေးတာ'' လို့ Global A1 ကုမ္ပဏီ ရဲ့ Sale and Marketing မန်နေဂျာ ကိုစည်သူရဲထွန်းက ပြောပါတယ်။

Global A1 ကုမ္ပဏီ ရဲ့ ကျုံးနံဘေး စတုဒီသာ ကျွေးမွေးမှုကို ဇူလိုင် ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နေ့စဉ်မနက် ၆ နာရီမှ ၁၁ နာရီအတွင်း တစ်ကြိမ်၊ ည ၆ နာရီကနေ ၈ နာရီအတွင်း တကြိမ် ပြုလုပ်မှာဖြစ်ပြီး အာဇာနည်နေ့မှာတော့ မနက် ၆ နာရီကနေ ၁၂ နာရီအထိ ကျွေးမွေးမယ်လို့ သိရပါတယ်။

မန္တ​လေးမြို့မှာ ဝါဆိုလပြည့် အထိမ်းအမှတ်အဖြစ် စတုဒီသာ ကျွေးမွေးလှူဒါန်းမှုတွေကို ဘုန်းတော်ကြီးကျောင်းတိုက်တွေနဲ့ မြို့ခံတွေက နှစ်စဉ်ပြုလုပ်လေ့ရှိပါတယ်။ အာဇာနည်နေ့ အခမ်းအနားကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ပြန်လည်ကျင်းပနေပြီး စတုဒီသာ ကျွေးမွေးလှူဒါန်းမှုတွေကိုလည်း နှစ်စဉ် ပြုလုပ်နေတယ်လို့ ဆက်လက် သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013