DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံက အလောင်း ၃ လောင်း လူကုန်ကူးခံရသူများ ဖြစ်နိုင်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်
DVB
·
July 14, 2019
မင်္ဂလာဒုံက အလောင်း ၃ လောင်း လူကုန်ကူးခံရသူများ ဖြစ်နိုင်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်
Donate to DVB

မင်္ဂလာဒုံမြို့နယ်မှာ တွေ့ရှိရတဲ့ အလောင်း ၃ လောင်းဟာ အလုံပိတ်ယာဉ်အတွင်း လေမွန်းကြပ် သေဆုံးတဲ့ လက္ခဏာရှိတဲ့ လူကုန်ကူးခံရသူတွ ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၃ ရက် မနက် ၈ နာရီခွဲလောက်က မင်္ဂလာဒုံမြို့နယ်၊ လှော်ကားမောင်းတံဂိတ်ရဲ့ တောင်ဘက် ၂ ဖာလုံလောက်အကွာ လှော်ကားလမ်းဘေးမှာ အသက် ၂၀ ၀န်းကျင်အရွယ် အမည်၊ နေရပ်၊ မိသားစု (စိစစ်ဆဲ) အလောင်း ၃ လောင်း (အမျိုးသား ၂၊ အမျိုးသမီး ၁) တွေ့ရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ပြင်ပဒဏ်ရာ တစုံတရာ မတွေ့ရှိဘဲ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိရပြီး အင်းစိန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ကနဦးဆေးစစ်ဆေးချက်တွေအရ အစာအိမ်မှာ အစာမရှိကြောင်း၊ အဆုတ်လေမွန်းကြပ် သေဆုံးတာဖြစ်ပြီး ဦးခေါင်းပိုင်းနဲ့ ခန္ဓာကိုယ်တို့မှာ သေစေလောက်တဲ့ ပြင်ပဒဏ်ရာထိုးသွင်း ဒဏ်ရာတွေ မရှိကြောင်း၊ အနီးမှာတော့ မစားရသေးတဲ့ ထမင်းထုပ် ၃ ထုပ်နဲ့ အလောင်းတွေမှာ သဲတွေ ကပ်နေတာ တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလောင်း ၃ လောင်းဟာ တနေရာရာမှာ သေဆုံးခဲ့ပြီး သဲတင်ကားနဲ့ တင်ဆောင်လာကာ စွန့်ပစ်ထားခြင်းဖြစ်နိုင်ကြောင်း၊ အလုံပိတ်ယာဉ် (သို့) ယာဉ်နောက်ဖုံးအတွင်း ထည့်သယ်လာလို့ လေမွန်းကြပ် သေဆုံးတဲ့ လက္ခဏာရှိတဲ့ လူမှောင်ခိုကူးခံရသူတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ထောက်ကြန့်နယ်မြေရဲစခန်းက ဥပဒေနဲ့ အညီ အမှုဖွင့်ပြီး ကွင်းဆက် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013