DVB Logo
Home
မြန်မာသတင်း
မောင်တော နံသာတောင်ပရဟိတကျောင်း ဆက်လက်ရပ်တည်ရန် အကူအညီလိုအပ်
DVB
·
July 14, 2019
မောင်တော နံသာတောင်ပရဟိတကျောင်း ဆက်လက်ရပ်တည်ရန် အကူအညီလိုအပ်
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်ခြံစည်ရိုးအနီးရှိ နံသာတောင်ပရဟိတကျောင်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဦးဆောင်ဆရာတော်က မိန့်ကြားပါတယ်​။

“အဓိက အရေးတကြီး အကူအညီလိုအပ်နေတာက စားရေးသောက်ရေး ပါ။ စာအုပ်စာတမ်းတွေ သင်ထောက်ကူတွေလည်း လိုအပ်နေပါတယ်။ အစိုးရကတော့ လူတဦးကို တနေ့ ၁၀၀ ကျော်နဲ့ ကျောင်းသူ/ကျောင်းသား ၂၀၀ ကျော်အတွက်တော့ ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် မောင်တောမှာ ကုန်ပစ္စည်းတွေက တအားဈေးကြီးသလို အားလုံးက ၄၀၀ ကျော်လောက်ရှိနေတော့ ခက်ခက်ခဲခဲရပ်တည်နေရပါတယ်" လို့ နံသာတောင်ပရဟိတကျောင်း ဆရာတော် ဦးစရဏက ဒီဗွီဘီကို မိန့်ကြားပါတယ်​။

အဆိုပါပရဟိတကျောင်းမှာ ပဉ္စမတန်းကနေ ဒသမတန်းထိ ကျောင်းသား/သူ ၄၀၀ ကျော်ရှိပါတယ်။

 မောင်တောဒေသမှာ ၂၀၁၇ ခုနှစ် သြဂုတ် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ဘုန်းကြီးကျောင်းအပါအဝင် စာသင်ကျောင်းဆောင်တွေလည်း ရှို့ခံခဲ့ရလို့ အခုပညာသင်နှစ်အထိ မောင်တောမြို့ပေါ်ရှိ မြို့မဘုန်းတော်ကြီးကျောင်းမှာ ယာယီအဆောင်တွေ ဆောက်လုပ် သင်ကြားပေးနေတာပါ။

"အစကတည်းက ပြည်တွင်း/ပြည်ပ အလှူရှင်တွေရဲ့ ထည့်ဝင်လှူဒါန်းမှုတွေနဲ့ ရပ်တည်ခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်မှာက စစ်ဘေးရှောင်တွေလည်း တအားများလာတော့ အလှူရှင်အများစုက စစ်ဘေးဒုက္ခသည်တွေဘက် ပိုအာရုံစိုက်နေကြပါတယ်။ ဒီနှစ်က တအားခက်ခက်ခဲခဲ ရပ်တည်ရမယ်မြင်ပါတယ်။ အစိုးရအနေနဲ့ ကူညီပေးရင် ပိုအဆင်ပြေမယ်ထင်ပါတယ်" လို့ ဆရာတော်က မိန့်ပါတယ်။

အဆိုပါပညာဒါနပရဟိတကျောင်းမှာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်က ကျောင်းသားကျောင်းသူ စုစုပေါင်း ၅၀၂ ဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ၄၀၁ ဦးနဲ့ ၂၀၁၉-၂၀၂၀ ယခုပညာသင်​နှစ်​မှာ​ ၄၅၀ ဦးလောက်ရှိတယ်လို့ ဆိုပါတယ်။

ကောင်း​ကောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013