DVB Logo
Home
မြန်မာသတင်း
ချောက်တွင် ကြွပ်ကြွပ်အိတ် လျော့ချသုံးစွဲ​ရေးအတွက် စက္ကူအိတ်နှင့်အင်ဖက်များ အခမဲ့ပေးဝေ
DVB
·
July 14, 2019
ချောက်တွင် ကြွပ်ကြွပ်အိတ် လျော့ချသုံးစွဲ​ရေးအတွက် စက္ကူအိတ်နှင့်အင်ဖက်များ အခမဲ့ပေးဝေ
1 / 7
Donate to DVB

မကွေးတိုင်း ချောက်မြို့ မြို့မဈေးမှာ  ကြွပ်ကြွပ်အိတ် လျော့ချသုံးစွဲ​ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အစားထိုး စက္ကူအိတ်တွေ၊ အင်ဖက်တွေ ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းက အခမဲ့ လိုက်လံပေးဝေခဲ့ပါတယ်။

စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းက `လိုက်​လုပ်​ပြ​တော့ ​ဈေးသူ​ဈေးသား​ကော၊ ​ဈေးဝယ်​သူ​တွေ​ကောက စိတ်​ဝင်​စားတယ်။ အစားထိုးသုံးရတဲ့ စက္ကူ အိတ်​တို့ အင်​ဖက်​တို့ကို ဝယ်​ဖို့ခက်​လို့သာ သုံး​နေကြတာလို့လည်း​ပြော​တော့ စည်​ပင်​ကသာ အင်​ဖက်​တို့ စက္ကူ အိတ်​တို့ကို တင်​​ပေးထားနိုင်​ရင်​ ​အောင်​မြင်​ဖို့ ရာခိုင်းနှုန်း အလားအလားများတယ်​” လို့​ပြောပါတယ်​။

မြို့မ ဈေးတွင်း၊ ဈေးပြင်ရှိ အသားရောင်းဆိုင် ၃၀ နဲ့ ကုန်ခြောက်ဆိုင် ၆၀ ကို အစားထိုးအသုံးပြုနိုင်တဲ့ စက္ကူအိတ်၊ အင်ဖက်တို့ကို အခမဲ့ပေးဝေခဲ့ပြီး ​ဈေးဆိုင်တွေမှာ ကြွပ်ကြွပ်အိပ်လျော့ချ သုံးစွဲကြစို့၊ နောင်မျိုးဆက်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေးထားကြပါ စာတန်းပါ စတစ်ကာတွေ လိုက်​ကပ်​ကြပြီး ကြွပ်ကြွပ်အိတ်လျော့ရသုံးစွဲဖို့ ဈေးဆိုင်အားလုံးကို အသိပညာပေး လက်ကမ်းစာစောင်ပေးဝေးခဲ့တယ်​လို့ သိရပါတယ်​။

အပတ်​စဉ်​ တနင်္ဂ​နွေ ​နေ့တိုင်း ​ချောက်​မြို့နယ်​ ​အတွင်းရှိ ​​မြို့မ​ဈေး၊ စ​လေ​ဈေး၊ ​ဈေး​လေးတွေ အားလုံးကို အလှည့်​ကျ ​ဆောင်​ရွက်​သွားမယ်လို့ မြို့နယ်​စည်​ပင်​သာယာ​ရေး အဖွဲ့က​ ပြောပါတယ်​။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013