DVB Logo
Home
Lead Story
ကောက်စိုက်သမတို့၏ အတွင်းကြေ သီချင်းနှင့်အက (ရုပ်သံ)
DVB
·
July 14, 2019
ကောက်စိုက်သမတို့၏ အတွင်းကြေ သီချင်းနှင့်အက (ရုပ်သံ)
Donate to DVB

ရင်မှာခံစား….သူမမြင်နိုင်တယ်….. ငါ့ရဲ့အသည်းထဲက အတွင်းကြေ…. ဒါကတော့ လက်ရှိလူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ ကောက်စိုက်သမတွေ အားလပ်ချိန်လေးမှာ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ အတွင်းကြေသီချင်း သီဆိုပြီး ကနေတဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။

ရုပ်သံဖိုင်ထဲမှာတော့ ကောက်စိုက်သမတွေဟာ အတွင်းကြေ သီချင်းကို ဆိုသူကဆို၊ လက်ခုပ်တီးသူက တီး၊ ကသူကလည်း အပီအပြင် ကပြနေတာကို ပျော်ရွှင်ကြည်နူးဖွယ် မြင်တွေ့ရပါတယ်။

ဒီရုပ်သံဖိုင်ကိုတော့ ပန်းတိမ်လွှာ ဖေ့စ်ဘွတ်ခ်အကောင်ကနေ ဇူလိုင် ၁၁ ရက်နေ့က တင်ထားတာဖြစ်ပြီး လက်ရှိအချိန်ထိ လူပေါင်း ၁၆ သိန်းကျော် ကြည့်ရှုထားကြပါတယ်။

ရုပ်သံဖိုင် ဝင်ရောက်ကြည့်ရှုသူတွေကတော့ ‘ပျော်စရာကြီး၊ ဒါမှသဘာဝ၊ ဘဝအမောတွေ ဖြေနေကြတာ ပျော်ပျော်နေတတ်တာလေးတွေကို သဘောကျ၊ ချစ်လိုက်တာ၊ အရင်တုန်းက ကောက်စိုက်ခဲ့တာတွေကို သတိရမိတယ်၊ လယ်တောဓလေ့ကို ပျော်မွေ့နေသူလေးတွေ၊ အသံလေးတွေက ကြည်နေတာပဲ ကနေတဲ့သူကလည်း စိတ်ပါလက်ပါကနေတာ ပျော်လိုက်တာကြည့်ကောင်းလိုက်တာဘယ်ရွာကလဲ” ဆိုပြီး ရေးသားထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013