DVB Logo
Home
မြန်မာသတင်း
မြို့ ၅ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
DVB
·
July 14, 2019
မြို့ ၅ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
1 / 2
Donate to DVB

မြို့ ၅ မြို့ရဲ့ မြစ်ရေတွေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးဇလက ဒီနေ့မနက် ၉ နာရီခွဲမှာ ထုတ်ပြန်ပါတယ်။

ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့ရဲ စိုးရိမ်ရေမှတ် ၁၁၅၀ စင်တီမီတာကနေ ၁၁၇၆ နဲ့ ရွှေကူမြို့ရဲ့ စိုးရိမ်ရေမှတ် ၉၃၀ ကနေ ၉၅၈ စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေပါတယ်။

ချင်းတွင်းမြစ်ရေကတော့ ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာကနေ ၁၃၈၀ စင်တင်မီတာအထိ ကျော်လွန်ရောက်ရှိနေပါတယ်။

ကုလားတန်မြစ်ရေဟာ ကျောက်တော်မြို့ရဲ့ စိုးရိမ်ရေမှတ် ၅၈၀ စင်တီမီတာကနေ  ၅၉၉၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ် ၈၁၀ ကနေ ၉၂၁ စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နဲ့ တိုင်းအချို့မှာ  မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ကျား၊ မန္တလေးတိုင်းမှာ နေရာကျဲကျဲ၊ တနင်္သာရီတိုင်းမှာ နေရာစိပ်စိပ်၊ ကျန် တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။

 နေပြည်တော်နဲ့ ရခိုင်ပြည်နယ် တို့မှာ ဒေသအလိုက်နှင့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်။

လက်ရှိမှာတော့ ကချင်ပြည်နယ်၊  ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၁၀၀၀၀ ခန့် ပြောင်းရွှေ့နေရပြီး ကချင်ပြည်နယ်က အများဆုံးဖြစ်တယ်လို့ သိရပါ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013