DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် ခရီးသွားဝင်ရောက်မှု ကျဆင်းလာ
DVB
·
July 14, 2019
မွန်ပြည်နယ် ခရီးသွားဝင်ရောက်မှု ကျဆင်းလာ
Donate to DVB

မွန်ပြည်နယ် ဟိုတယ်နဲ့ ခရီးသွားလာမှု ညွှန်ကြားမှု ဦးစီးဌာနစာရင်းတွေအရ ခရီးသွား ဝင်ရောက်ဟာ ၂၀၁၇ ခုနှစ်က စပြီး တဖြည်းဖြည်းချင်း ကျဆင်းလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကဆိုရင် ပြည်တွင်းပြည်ပ ခရီးသွား ဧည်သည်ဝင်ရောက်မှု ၃ သန်းကျော် ရှိခဲ့ပြီး ၂၀၁၈ မှာတော့ ၁ ဒသမ ၉ သန်းသာ ဝင်ရောက်ခဲ့တာပါ။ 

စာရင်းတွေအရဆို တနှစ်အတွင်း မွန်ပြည်နယ်မှာ ခရီးသွားဧည်သည် ဝင်ရောက်မှုဟာ ၁ သန်း ကျော်အထိ ကျဆင်းလာခဲ့တာပါ။ 

အခုလို ခရီးသွားဧည်သည် ဝင်ရောက်မှု ကျဆင်းလာတဲ့ အတွက်ကြောင့် ခရီးစဉ်သစ်တွေ ဖော်ထုတ်နေပြီး၊ လူထုအခြေပြုခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းနေတယ်လို့ မွန်ပြည်နယ် ဟိုတယ်နဲ့ ခရီးသွားလာမှု ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်က ပြောပါတယ်။

  မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကတော့ လူထုအခြေပြု ခရီးသွားလုပ်ငန်းဟာ လွှတ်တော်မှာ အတည်ပြုထားတဲ့ အဆိုတရပ် ဖြစ်တဲ့အတွက်ကြောင့် အစိုးရအနေနဲ့ အားစိုက် လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ 

လူထုအခြေပြု ခရီးသွားလုပ်ငန်း CBT ဟာ ဒေသခံတခုရဲ့  ပတ်ဝန်းကျင် လူမှုစနစ်၊ ရိုးရာယဉ်ကျေးမှုတွေ အလှအပတွေကို အနီးကပ် နေထိုင်လေ့လာခွင့်ဖန်တီးပေးတဲ့ ခရီးသွားလုပ်ငန်းတခု ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ကျိုက်ထီးရိုးစေတီကို ပြည်းတွင်ပြည်ပ ခရီးသွားဧည်သည်တွေ အများဆုံး လာရောက် လည်ပတ်နေကြတာဖြစ်ပြီး နှစ်စဉ် ခရီးသွားဧည်သည် သန်းချီ ဝင်ရောက်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013