DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ ကန်ဖျားကုန်စိမ်းဈေး အပြီးသတ်ပြောင်းရွှေ့
DVB
·
July 14, 2019
မြိတ်မြို့ ကန်ဖျားကုန်စိမ်းဈေး အပြီးသတ်ပြောင်းရွှေ့
1 / 6
Donate to DVB

ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့် မြိတ်မြို့၊ ကန်ဖျားကုန်စိမ်းဈေးကို ဇူလိုင် ၁၃ ရက်နေ့က အပြီးသတ်ပြောင်းရွှေ့လိုက်ပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့မှာ အနံ့ဆိုးတွေ ထွက်ရှိတာ၊ ယဉ်ကြောပိတ်ဆို့တာ၊ စာသင်ကျောင်းနဲ့နီးကပ်နေတာတွေကြောင့် ကန်ဖျားရပ်ကွက်ရှိ ကုန်စိမ်းဈေးကို ပြောင်းရွှေ့ပေးဖို့ မြို့ခံတွေရဲ့ တာင်းဆိုထားချက်အရ အပြီးသတ်ပြောင်းရွှေ့လိုက်ပြီလို့ သိရပါတယ်။

ကန်ဖျားကုန်စိမ်းဈေးအား ရှမ်းချောင်းကုန်စိမ်းဈေးသစ်ကို ပြောင်းရွှေ့ရာမှာ တချို့က တာဝန်ရှိသူတွေကို အော်ဟစ်ကန့်ကွက်ခဲ့ကြပြီး နိုင်ငံတော်သီချင်းသီဆိုတာ၊ မေတ္တာသုတ်ဖတ်ရွတ်တာ တွေ ပြုလုပ်ခဲ့ပါတယ်။

ကန်ဖျားကုန်စိမ်းဈေး ပြောင်းရွှေ့ပေးဖို့ မြို့ခံအများစုက လိုလားနေပြီး တာဝန်ရှိသူတွေက စတင်ပြောင်းရွှေ့နေချိန်မှာ မြို့ခံပြည်သူ ရာနဲ့ချီ လာရောက်စောင့်ကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။

မြိတ်ခရိုင် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကြည်စိုးက "ကျနော်တို့ သတ်မှတ်ထားတဲ့အတိုင်း ဈေးသူ/သားတွေက ညနေ ၆ နာရီမှာ အပြီးပြောင်းရွှေ့ပေးခဲ့ပါတယ်။ ကျနော်တို့လည်း ၆ နာရီမှာ ဈေးကို ပိတ်လိုက်ပါပြီ။ အခုတည်ဆောက်ပေးထားတဲ့ ဈေးသစ်ကြီးမှာ ယခင်ရောင်းချနေတဲ့အတိုင်း ၆ ပေ၊ ၈ ပေ နဲ့ ၄ပေ ၆ ပေဆိုင်ခန်းတွေအတိုင်း နေရာချထားပေးပါတယ်။ ပြောင်းရွှေ့ရာမှာလည်း စည်ပင်သာယာ ရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေလည်း ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အခုကန်ဖျားကုန်စိမ်းဈေး နေရာမှာ စည်ပင်သာယာရေးလုပ်ငန်းတွေ၊ ရေပေးဝေရေးလုပ်ငန်းတွေ၊ တည်ဆောက်ရေးလုပ်ငန်းတွေ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာပါ" လို့ ပြောပါတယ်။

ကုန်ဖျားကုန်စိမ်းဈေး မပြောင်းရွှေ့ဖို့ လပ်ဆောင်နေသူတချို့က ပြီးခဲ့တဲ့ဇူလိုင် ၁၀ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသလို ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာလည်း ကုန်စိမ်းဈေးပြောင်းရွှေ့ရက် ဆိုင်းငံ့ပေးဖို့ စည်ပင်သာယာရေးကော်မတီ ရုံးအစည်းဝေးခန်းမှာ လာရောက်တောင်းပန်ခဲ့ကြတယ်လို့ သိရပါတယ်။

""ကျနော်တို့ ရှမ်းချောင်းကုန်စိမ်းဈေးသစ်မှာ ကားအ၀င်ထွက်လမ်းတွေ၊ ကုန်ကားရပ်နားမယ့်နေရာတွေ၊ ရေသွယ်တန်းမှု၊ အမှိုက်စွန့်ပစ်မှု၊ လျှပ်စစ်မီး စတဲ့အပိုင်းတွေကို သေချာစီစဉ်ပေးထားပါတယ်။ အခုလည်း သွားရောက်ရောင်းချနေတဲ့သူတွေရှိနေပါပြီ။ ဈေးကောက်ကိုလည်း ကောက်ခံတာမလုပ်တော့ဘဲ လာမယ့်ဘဏ္ဍာရေးနှစ်မှာ ပြန်လည်ကာက်ခံသွားဖို့ တိုင်းဒေသကြီး စည်ပင်သာယာရေးမှ တိုင်းဒေသကြီးအစိုးရအထိ တင်ပြပေးထားပါတယ်" လို့ ဦးကြည်စိုးက ပြောပါတယ်။

ကုန်စိမ်းဈေးပြောင်းရွှေ့ဖို့ တိုင်းဒေသကြီး အစိုးရက ညွန်ကြားခဲ့သလို လွှတ်တော်မှာလည်း တင်ပြခဲ့တယ်လို့ သိရပါတယ်။ 

ကုန်စိမ်းဈေးပြောင်းရွှေ့မှုကို ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့သလို ရပ်ကွက်အလိုက် ၀န်းရံသူတွေကလည်း လာရောက် စောင့်ကြည့်ပေးခဲ့ကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013