DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ကမ်းပါးပြိုကျမှုကြောင့် လူ ၄ ဦး ရေနစ်ပျောက်ဆုံး 
DVB
·
July 14, 2019
ဖားကန့်တွင် ကမ်းပါးပြိုကျမှုကြောင့် လူ ၄ ဦး ရေနစ်ပျောက်ဆုံး 
1 / 4
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် အေးမြသာယာ ရပ်ကွက် တောင်ပြိုရွာအပိုင်းရှိ ပိုင်ဖြိုးသီဟ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီရဲ့ လုပ်ကွက်ကမ်းပါး ဇူလိုင် ၁၃ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က ပြိုကျခဲ့တာကြောင့် လူ ၄ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အမြင့်ပေ ၁၀၀ နီးပါးလောက်က ကမ်းပါးနံရံကြီး ပြိုကျခဲ့တာဖြစ်ပြီး အဆိုပါပြိုကျမှုကြောင့် တပိုင်တနိုင် ကျောက်စိမ်းတူးဖော်နေသူ ၅ ဦးဟာ ရေလှိုင်းရိုက်ခံရပြီး ရေလှိုင်းနဲ့အတူ လုပ်ကွက်ဟောင်း ရေကန်ထဲကို မျောပါခဲ့တယ်လို့ အခင်းဖြစ်နေရာအနီး ရှိနေသူတွေက ပြောပါတယ်။

ရေမျောသွားသူ ၅ ဦးအနက် ဦးနောဆန့် (၃၀) နှစ်ကိုသာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ရေမဆေးရှာဖွေသူတွေ ဝိုင်းဝန်းဆယ်ယူနိုင်ခဲ့ပြီး သတိလစ်နေတာကြောင့် ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။

ရေမျောပါသွားသူ ၄ ဦးကိုတော့ ရှာဖွေကယ်ဆယ်နိုင်ခြင်း မရှိသေးဘဲ ရှာဖွေမှုလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

ဖားကန့်ရတနာနယ်မြေရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ဇူလိုင် ၁ ရက်နေ့ကစပြီး စက်တင်ဘာလကုန်အထိ အားလုံးရပ်နားထားဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (မကလ) က တရားဝင်ညွှန်ကြားထားတာပါ။

ကချင်ပြည်နယ် ဖားကန့်မှာ ၂၀၁၉ ခုနှစ်အတွင်းမှာ မြေပြိုမှု၊ နွံကန်ပေါက်ကျမှု၊ ကမ်းပါးပြိုကျမှု၊ လုံခြုံရေးရဲတွေရဲ့ ပစ်ခတ်မှု၊ မြေစာသည်ယဉ် ကြိတ်မိတာတွေကြောင့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ ဝန်ထမ်း၊ ရေမဆေးကျောက်ရှာဖွေသူနဲ့ တနိုင်တပိုင် ကျောက်စိမ်းတူးဖော်သူ ၉၁ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ လူမှုရေးအသင့်အဖွဲ့တွေ၊ အထွေအုပ်ချုပ်ရေး၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဇော်မိုးထက် (ဖားကန့်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013