DVB Logo
Home
မြန်မာသတင်း
ရွှေပေါ်ကျွန်းကျောင်းအတွင်း အတင်းဝင်ရောက်ခဲ့သူ ၁၂ ဦးကို ပုဒ်မ ၇ ခုဖြင့် အမှုဖွင့်
DVB
·
July 14, 2019
ရွှေပေါ်ကျွန်းကျောင်းအတွင်း အတင်းဝင်ရောက်ခဲ့သူ ၁၂ ဦးကို ပုဒ်မ ၇ ခုဖြင့် အမှုဖွင့်
Donate to DVB

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ရေငံအုပ်စု ဇူလိုင်လ ၁၃ ရက်နေ့မှာ စေတော်ဝင် ရွှေပေါ်ကျွန်းကျောင်းအတွင်း အတင်းဝင်ရောက်ခဲ့တဲ့ ၁၂ ယောက်ကို ပုဒ်မ ၇ ခုနဲ့ အမှုဖွင့်လိုက်တယ်လို့ နှောကန်ရွာရဲစခန်းက ပြောပါတယ်။

ကျောင်းထိုင်ဆရာတော်ရဲ့ တူဖြစ်သူက တရားလိုလုပ်ပြီး တိုင်ချက်ပေး အမှူဖွင့်ထားပြီး အမျိုးသား အမျိုးသမီး ၁၀၀ လောက် ဝင်ရောက်ခဲ့တာလို့ ဆိုလို့ ဆက်လက် စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ နှောကန်ရဲစခန်းတာဝန်ကျရဲအရာရှိက ပြောပါတယ်။ 

ဇူလိုင် ၁၂ ရက် မနက် ၇ နာရီခွဲလောက်က လူအင်အား ၁၀၀ ကျော်လောက် ရွှေပေါ်ကျွန်းကျောင်းထဲကို အတင်းဝင်ရောက်ပြီး ဘုန်တော်ကြီးတွေနဲ့ ဒကာ ဒကာမတွေကို တုတ်၊ သံတုတ်၊ လေးခွ၊ ခဲတွေနဲ့ ပစ်ပေါက် ရိုက်နှက်ခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော် ဥူးကုမာရ အပါအဝင် ဘုန်းတော်ကြီး ၅ ပါးနဲ့ လူ ၁၂ ယောက် ဒဏ်ရာရခဲ့ကြပါတယ်။

မလှိုင်မြို့နယ် နှောကန်ရွာရဲစခန်းမှာ ကိုထွန်းဦးပါ အမျိုးသား ၉ ဦး နဲ့ မကြည်ခွေးပါ အမျိုးသမီး ၃ ယောက်တို့ကို ပိုင်နက်ကျုးကျော်မှူ၊ ခဲပစ်မှူ၊ တုံးသောလက်နက်ဖြင့် သာမန်ဒဏ်ရာရစေမှူ၊ ပြင်းထန် ဒဏ်ရာရစေမှူ၊ သာသနာညှိုးနွမ်းစေမှူ၊ အကျိုးစီးပွားပျက်စေမှူ၊ အားပေးကူညီမှူ ရာဇသတ်ကြီးပုဒ်မတွေနဲ့ အမှူဖွင့်ထားပါတယ်။ 

 

မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013