DVB Logo
Home
မြန်မာသတင်း
ကလေးအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကော်မတီ အသက်ဝင်အောင်ကြိုးစားပေးရန် တိုက်တွန်း
DVB
·
July 14, 2019
ကလေးအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကော်မတီ အသက်ဝင်အောင်ကြိုးစားပေးရန် တိုက်တွန်း
Donate to DVB

Wisdom Hill က ဗစ်တိုးရီးယားလို့ မဖြစ်အောင် ကလေးအခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ကော်မတီတွေ အသက်ဝင်အောင် ကြိုးစားပေးဖို့နဲ့ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရနဲ့အားလုံး ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုက်တွန်းလိုက်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်းက ပြုလုပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် ၂ နှစ်အောက် ကလေးငယ်တွေအတွက် တတိယအကြိမ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားမှာ တိုက်တွန်းပြောဆိုလိုက်တာပါ။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်ဝင်းမြတ်အေးက “Wisdom Hill က ဗစ်တိုးရီးယားလို့မဖြစ်အောင် ကျနော်တို့မှာ ကလေးရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ကော်မတီရှိပြီးသား ဖြစ်ပါတယ်။ အသက်ဝင်ဖို့ကြိုးစားပေးပါ။ အစိုးရအနေနဲ့ အားလုံးပူးပေါင်းပြီးတော့ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းပြီး တိုးတက်အောင်လုပ်ကြရင် အဲလိုအဖြစ်မျိုး မဖြစ်သလို ကလေးတွေရဲ့ အခွင့်အရေး ၄ မျိုး အပြည့်အ၀ ရရှိမှာဖြစ်တယ်”လို့ ပြောပါတယ်။

ရှေ့ဦးသူငယ်ကာကွယ်ပြုစုစောင့်ရှောက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြုစုစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှစ်ခု ချိတ်ဆက်ပြီး ထိထိမိမိဆောင်ရွက်ဖို့လိုပြီး မူကြိုကျောင်းတွေ ဖွင့်လှစ်ရာမှာ ဥပဒေနဲ့ အညီ၊ နည်းဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖွင့်လှစ်တာ ဟုတ်မဟုတ် စိစစ်ဖို့ အင်မတန်အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားပါတယ်။

လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရးနှစ်ကစတင်ပြီး မြို့နယ် ၂၀၀ မှာ ကလေးသူငယ်ပြုစုပျိုးထောင်နည်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာ သင်တန်းတွေကို ဖွင့်လှစ်သွားမှာပါ။

၁၉၉၆ ခုနှစ်ကစတင်ပြီး ကလေးသူငယ်တွေပြုစုစောင့်ရှောက်ဖို့ မိခင်ဝိုင်းတွေ တည်ထောင်လာခဲ့ရာမှာ တနိုင်ငံလုံးအတိုင်းအတာအရ ကျေးရွာပေါင်း ၆ သောင်းကျော်မှာ အခုအခါ ၆၀၀ ကျော်ပဲ တည်ထောင်နိုင်သေးတဲ့အတွက် အလွန်နည်းပါးနေတယ်လို့ တာဝန်ရှိသူကပြောပါတယ်။

အခမ်းအနားမှာ ဘားအံမြို့နယ်အတွင်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် ၂ နှစ်အောက် ကလေးငယ် ၇ ထောင်ကျော်အတွက် ၁ လစာ ၁၅၀၀၀ ကျပ်၊ ၃ လစာ ၄၅၀၀၀ ကျပ်နှုန်းနဲ့ ကျပ်သိန်းပေါင်း ၃ ထောင်ကျော်ကို ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013