DVB Logo
Home
မြန်မာသတင်း
ထောက်ကြန့် လှော်ကားလမ်းဘေးတွင် အလောင်း ၃ လောင်းတွေ့ရှိ
DVB
·
July 13, 2019
ထောက်ကြန့် လှော်ကားလမ်းဘေးတွင် အလောင်း ၃ လောင်းတွေ့ရှိ
Donate to DVB

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် လှော်ကားလမ်းဘေးရှိ မြက်တောထဲမှာ စွန့်ပစ်ထားတဲ့ အမျိုးသား အလောင်းနှစ်လောင်းနဲ့ အမျိုးသမီး အလောင်းတလောင်းကို ဇူလှိုင် ၁၃ ရက် မနက်ပိုင်းက တွေ့ရှိခဲ့ပါတယ်။

သေဆုံးခဲ့သူ သုံးဦးမှာ အသက် ၁၇ နှစ်မှ ၁၉ နှစ်ကြား အရွယ်ရှိပြီး အလောင်းပိုင်ရှင် မည်သူမည်ဝါကို သိရှိနိုင်ဖို့ လက်ရှိအချိန်ထိ စုံစမ်းဆောင်ရွက်နေဆဲဖြစ်တယ်လို့ ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"သေတဲ့သူ သုံးယောက်က ဟိန္ဒူလား မွတ်ဆလင်လားတော့ သေချာ မသိဘူး။ ပြင်ပဒဏ်ရာမရှိဘဲ သေနေတဲ့ အလောင်းတွေကို လှော်ကားဘေးမဲ့တော အနီးက လမ်းဘေးခြုံထဲ ပစ်ထားခဲ့တာ" လို့ ပြောပါတယ်။

ရုပ်အလောင်း သုံးလောင်းကို အင်းစိန်ဆေးရုံကို ပို့ဆောင်စစ်ဆေးနေပြီး ကနဦး စစ်ဆေးယူဆချက်အရ ကွန်တိန်နာယာဉ်လို အလုံပိတ်ယာဉ်တစီးနဲ့ သေဆုံးခဲ့သူ သုံးဦး လိုက်ပါလာရာမှ အသက်ရှူကြပ်ပြီး သေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က သိရပါတယ်။

သတင်း - မေသွယ်

ဓာတ်ပုံ-ပုလဲအရံမီးသတ်တပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013