DVB Logo
Home
မြန်မာသတင်း
မြောက်ဦးက တိမ်ညိုစစ်ဘေးရှောင်စခန်းရေနစ်မြုပ်၍ အရေးပေါ်ပြောင်းရွှေ့
DVB
·
July 13, 2019
မြောက်ဦးက တိမ်ညိုစစ်ဘေးရှောင်စခန်းရေနစ်မြုပ်၍ အရေးပေါ်ပြောင်းရွှေ့
Donate to DVB

စစ်ဘေးရှောင် ၃၀၀၀ ကျော် တဲထိုးပြီးနေထိုင်နေကြတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေကားလမ်း နံဘေးမှာတည်ရှိတဲ့ တိမ်ညိုစစ်ဘေးရှောင်စခန်း ရေနစ်မြုပ်လို့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ဒီကနေ့ အရေးပေါ်ပြောင်းရွှေ့နေရပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့တိုက်ပွဲတွေကြောင့် ထွက်ပြေးလာပြီး တိမ်ညိုကျေးရွာအနီး ကားလမ်းနံဘးမှာ တဲထိုးပြီး စစ်ဘေးရှောင်အိမ်ထောင်စု ၇၂၁ စု၊ လူဦးရေ ၃၀၀၀ ဟာ ကုန်မြင့်နေရာ ဘုန်းတော်ကြီးကျောင်းကို အရေးပေါ် ပြောင်းရွှေ့လိုက်ရတာလို့ တိမ်ညိုစစ်ဘေးရှောင်စခန်းတာခံ ကိုဝေလှအောင်က ဒီဗွီဘီကိုပြောပါတယ်။

“ရေက ဒီနေ့မှပိုပြီး တက်လာတယ်။ မိုးက အရမ်းရွာလို့ ရေတက်တာပေါ့။ ဒုက္ခသည်စခန်းရဲ့ မြေနိမ့်ပိုင်းရေက ၂ ပေလောက်တက်နေတယ်။ နောက်ပြီး အဲ့ဒီမှာ ရထားလမ်းက ပိတ်နေတော့ ရေကစခန်းထဲကို ပိုဝင်လာတယ်။ မိုးကလည်း အဆက်မပြတ်ရွာနေတော့ အားလုံးက ပြောင်းရွှေ့နေရပါတယ်။ အားလုံးကို ဘုန်းကြီးကျောင်း အရေးပြောင်းရွှေ့နေရတယ်” လို့ ပြောပါတယ်။

ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦးကိုရေနစ်မြုပ်နေမှုဖြစ်နေတဲ့ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ထောက်ပံ့ကူညီပေးဖို့ လုပ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဆီ အခုမှ စာရင်းတွေလာပါတယ်။ ဒီစာရင်းတွကိုကြည့်ပြီး ဆန်ရိက္ခာတွေ နှစ်ပတ်စာလောက်တော့ ကျနော်တို့ အမြန်ဆုံး ထောက်ပံ့နိုင်အောင်တော့လုပ်ရမယ်။ ဒီနေ့မှာ စပြီးဖြစ်တယ်ဆိုတော့ သတင်းအချက်အလက်တွေ ချက်ချင်းမရလို့၊ နောက်ပြီး မင်းပြားမှာ လည်း ရေတက်နေတာတွေ သတင်းအချက်အလက်တွေရပါတယ်။ အိမ်တွေ လုံးဝပျက်စီးသွားတာတွေရှိတယ်။ အဲ့ဒါတွေကိုလည်း ထောက်ပံပေးဖို့စီစဉ်နေပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းလေး မြို့နယ်အပါအဝင် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်း ပြတ်တောက်ထားတာကြောင့် ဆက်သွယ်ရေးတွေ ခက်ခဲတာ၊ ကယ်ဆယ်ရေးတွေ အရေးပေါ်မကူညီနိုင်တာတွေကြောင့် အရေးပေါ်ကယ်ဆယ်ရေးတွေပေးတဲ့နေရာမှာ များစွာနှောင်နှေးနေရတယ်လို့ လူမှုအဖွဲ့အစည်းတွေက ပြောထားပါတယ်။

လက်ရှိမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေ တိုက်ပွဲတွေဟာလည်း တစတစတိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာတွေမှာ လယ်သမားတွေကလည်း လယ်ထွန်းဖို့ မသွားရဲတာ၊ တောတောင်တွေမသွားရဲတော့ဘဲ စားဝတ်နေရေးကလည်း တဖြည်းဖြည်း ဆိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013