DVB Logo
Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုင်ကုမ္ပဏီနှင့် တွေ့ဆုံခွင့်မရ
DVB
·
November 29, 2012
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုင်ကုမ္ပဏီနှင့် တွေ့ဆုံခွင့်မရ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းကြေးနီ စီမံကိန်းကို ကန့်ကွက် ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့ မနက်ပိုင်းက အင်းအားသုံး ဖြိုခွဲအပြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် စီးပွားရေးဦးပိုင်လီမိတက်က တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံခဲ့ရာမှာ တွေ့ဆုံခွင့် မရခဲ့ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ ဆွေးနွေးဖို့ ကမ်းလှမ်းတာ အဲက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံး ဘယ်သူမှ ကျမတို့နဲ့ တွေ့ဖို့ လက်မခံပါဘူး။ ကုမ္ပဏီရှေ့မှာ ကျမ ၁ နာရီလောက် ရပ်ပြီး တွေ့ဆုံဖို့ရာ အကြောင်းကြားတာကို ဘယ်သူမှ အကြောင်းမပြန်ပါဘူး။”

ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသမားတွေကို အင်အားသုံးဖြိုခွဲခဲ့တဲ့အတွက် အခုချိန်ထိ ၇၀ ဒဏ်ရာရရှိသွားပြီး ၂၇ ဦးကတော့ စိုးရိမ်ရတယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဒေါ်ခင်စန်းလှိုင်ဟာ မုံရွာမြို့ကို ရောက်ရှိနေတဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မနက်ပိုင်းက ဆန္ဒပြသမားတွေ ဖြိုခွဲခံရတာနဲ့ပတ်သက်ပြီး အသေးစိတ် တင်ပြသွားမယ်လို့ ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013