DVB Logo
Home
မြန်မာသတင်း
ရွှေပေါ်ကျွှန်းသာသနာ့ပြုစခန်းတွင် ခိုက်ရန်ဖြစ်ပွား
DVB
·
July 13, 2019
ရွှေပေါ်ကျွှန်းသာသနာ့ပြုစခန်းတွင် ခိုက်ရန်ဖြစ်ပွား
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မလှိုင်မြို့နယ် ရွှေပေါ်ကျွှန်းသာ သာသနာ့ပြုစခန်းအတွင်းကို လူတချို့က ဝင်ရောက်ဖျက်ဆီးခဲ့တဲ့တွက် သံဃာတော်တွေနဲ့ ကျောင်းတိုက်အတွင်း နေထိုင်ကြတဲ့သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့ မနက်က မလှိုင်မြို့နယ် ရေငံအုပ်စု ရွှေပေါ်ကျွန်းကျေးရွာ ရွှေပေါ်ကျွန်း သာသနာပြုစခန်း တောင်ဘက်တံခါးကနေ ရွှေပေါ်ကျွန်း ကျေးရွာသူ ရွာသား ၂၅၀ လောက်က ကျောင်းတံခါးကိုဖျက်ပြီး ဝင်ရောက်ရာက အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရွှေပေါ်ကျွန်းရွားသားတချို့ ထိခိုက်ဒဏ်ရာရရှိပြီး ကျောင်းဝင်းအတွင်းရှိ ဦးကျော်သန်းနဲ့ ဘုန်းကြီး ၃ ပါး ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ရွှေပေါ်ကျွန်းကျောင်း တိုက်ကို တိုင်းသံဃနာယကအဖွဲ့ တိုင်းသာသနာရေးမှူးနဲ့ ခရိုင်သာသနာရေးမှူးတို့က ယာယီထိန်းသိမ်း စောင့်ရှောက်ထားပြီး သက်ဆိုင်ရာက လာရောက်စစ်ဆေးခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ကိစ္စတွေကို ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ရွှေပေါ်ကျွန်းသာသနပြုစခန်းကို ရဲအင်အား ၁၀၀ နီးပါး လုံခြုံရေးချထားပြီး ဘာကြောင့် အခုလို ခိုက်ရန်ဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013