DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 13, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၇၇၂၀၀ ပေါက်ဈေးရှိ  ပါတယ်။

မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၈၀၀၀ ကနေ ၇၉၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ တစ်အိတ်ကို ၁၈၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း)ကပိဿာ ၆၀ ၀င်တအိတ်ကို ၈၈၂၀၀ ပေါက်ဈေး ရှိပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) တအိတ်ကို ၉၅၀၀၀ ကနေ ၉၆၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၇၈၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

ပဲတီစိမ်း

မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ၅၆.၂၅ပိဿာဝင်တအိတ်ကို ၉၅၀၀၀ ကနေ ၁၀၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၁၀၂၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ၁၀၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်

မန္တလေးကုန်စည်ဒိုင်မှာပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင်တအိတ်ကို ၅၅၀၀၀ ကနေ ၅၅၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ကျပ်ဈေး ကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာ ပဲဇီးကွက်တအိတ်ကို ၅၅၈၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ၃၀၀ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

စီပီပြောင်း

မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင်တအိတ်ကို ၂၅၀၀၀ ကနေ ၂၆၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာ စီပီပြောင်းတအိတ်ကို ၂၄၃၀၀ ကနေ ၂၆၄၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၁၀၀ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

မုန်လာဥနီ

သီရိမင်္ဂလာဈေးကုန်စည်ဒိုင်မှာ မုန်လာဥနီတပိဿာကို ၁၅၀၀ ကနေ ၁၈၀၀ ပေါက်ဈေး ရှိပါတယ်။

အောင်ပန်းကုန်စည်ဒိုင်မှာ မုန်လာဥနီတပိဿာကို ၉၀၀ ပေါက်ဈေးရှိပြီး ၁၀၀ကျပ်ဈေး ကျဆင်းသွားပါတယ်။ သီရီမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင်မှာ ၉၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013