DVB Logo
Home
မြန်မာသတင်း
မင်းတုန်းမြို့နယ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် ကျောင်းသူ ၄ ဦး ပျောက်ဆုံးနေ
DVB
·
July 13, 2019
မင်းတုန်းမြို့နယ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် ကျောင်းသူ ၄ ဦး ပျောက်ဆုံးနေ
Donate to DVB

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်မှာ စက်လှေတိမ်းမှောက်တာကြောင့် ကျောင်းသူ ၄ ဦး ပျောက်ဆုံးနေတယ်လို့ မင်းတုန်းမြို့မရဲစခန်းက သိရပါတယ်​။

ဇူလိုင်​ ၁၂ ​နေ့လယ်ပိုင်းက မင်းတုန်းမြို့ အမှတ် ၁ ရပ်ကွက်နဲ့ မင်းတုန်းချောင်း အနောက်ဘက်ကမ်း ပေါက်ကိုင်းကျေးရွာကို ပြေးဆွဲတဲ့ စက်လှေတစီးဟာ ကျောက်ဆောင်ကို ရှောင်တိမ်းရာကနေ တိမ်းမှောက်ခဲ့တာဖြစ်ပြီး စက်လှေပေါ်မှာ လူ ၁၈ ဦးတင်​​ဆောင်​လာတာပါ။

၇ တန်း​ကျောင်းသူ ၂ ဦး၊ ၉ တန်း​ကျောင်းသူ ၂ ဦး ရှာမ​တွေ့​သေးတာ​ကြောင့်​ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး လွှတ်​​တော်​ကိုယ်​စားလှယ်​တွေအပါအဝင်​ ဌာနဆိုင်​ရာတွေ၊ လူမှု​ရေးအဖွဲ့အစည်းတွေက တာဝန်​ရှိသူတွေ ​ရှာ​ဖွေ​နေကြတယ်လို့ မင်းတုန်းမြို့နယ်​ တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​အေးလှိုင်​ဦးက ​ပြောပါတယ်​။

ဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး စက်လှေ​မောင်းသူ ကိုဇာနည်အောင်ကို မင်းတုန်းမြို့မရဲစခန်းမှာ ​ပေါ့ဆစွာ မဆင်​မခြင်​​မောင်းနှင်​မှု နဲ့ အမှုဖွင့်အရေးယူထား တယ်​လို့သိရပါတယ်​။

ကိုလင်း(​ချောက်​)

ဓာတ်​ပုံ-ဦး​အေးလှိုင်​ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013