DVB Logo
Home
မြန်မာသတင်း
မဲစာရင်း လုံးဝမမှားစေရန် ရွေးကောက်ပွဲကော်မရှင် ပြော
DVB
·
July 13, 2019
မဲစာရင်း လုံးဝမမှားစေရန် ရွေးကောက်ပွဲကော်မရှင် ပြော
Donate to DVB

မဲပေးခွင့်ရရှိသူတိုင်း မဲပေးနိုင်ဖို့၊ မဲဆန္ဒရှင် စာရင်းတွေကို လုံးဝမမှားစေဖို့ မဲစာရင်းကောက်ယူကြမယ့် ကော်မရှင်အဖွဲ့ဝင်တွေ နဲ့ ပူပေါင်းဆောင်ရွက်မယ့် အဖွဲ့အစည်း အသီး သီးကို ရွေးကောက်ပွဲကော်မရှင် (UEC) ကနေ ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နဲ့ ပဲခူးတိုင်းအတွင်းက နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံက ပါဝင်ပါတ်သက်သူတွေ တွေ့ဆုံဆွေးနွေးပွဲကို ပဲခူးမြို့တော်ခန်းမ မှာ ဇူလိုင် ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိနိုင်ရေးအတွက် မဲစာရင်းကောက်ယူမှုနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့ကြတာပါ။

အဲဒီလို မဲစာရင်းကောက်ယူတဲ့နေရာမျိုးမှာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့တွေချည်းပဲ ဆောင်ရွက်လို့ မရတာကြောင့် အားလုံးကနေ ပေါင်းစပ်ပြီး ကူညီပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင်က မေတ္တာရပ်ခံခဲ့ပါတယ်။

“၁၆ နှစ်ပြည် မည်သူ့ကိုမဆို ရွေးကောက်ပွဲမှာ ပါရမှာပါ။ နောက်ဆုံး ဒီနယ်တွေမှာလည်း ရှိတတ်ပါတယ်။ ရပ်ကျေးတွေက တာဝန်ယူရမှာပါ။ ပရဟိတကျောင်းတွေမှာလည်း ၁၈ နှစ်ပြည့်ပြီးသူတွေရှိကြမှာပါ။ သူတို့ကိုလည်း အခွင့်အရေးရအောင်လုပ်ပါ။ ဒီမိုကရေစီအောင်မြင်ဖို့အတွက် ဒီမဲပေးတဲ့ အခွင့်အလမ်းတွေကို ရဖို့လိုပါတယ်။ အဲဒီတော့ အားလုံးကို မေတ္တာရပ်ခံခြင်တာက မဲစာရင်းကိုတော့ လုံးဝမမှားပါစေနဲ့။”

ပဲခူးတိုင်းဒေသကြီး ရွေးကာက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က “အခုကောက်ယူမယ့်ပုံစံက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရယ်၊ လ၀က ရယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရယ် ပူးပေါင်းပြီး ရပ်ကျေးတွေအထိ အဖွဲ့ငယ်လေးတွေ အဆင့်ဆင့်ဖွဲ့ပြီး အသက် ၁၈ နှစ်ပြည့်ပြည့် မပြည့်ပြည့် လူဦးရေးစာရင်းကို အိမ်ထောင်စုစာရင်း အလိုက် ကောက်ယူမှာပါ။ အဲဒီလို ကောက်ယူပြီး အတိအကျရပြီဆိုမှ မဲဆန္ဒရှင်စာရင်းကို ပြုစုမှာဖြစ်တယ်” လို့ ပြောပါတယ်။

“တက်လာတဲ့အစိုးရတိုင်းက အခုလို မဲဆန္ဒရင်စာရင်းတွေ ကောက်ယူတော့မယ်ဆိုရင် သူတို့ပါတီဝင်တွေကပါလိုက်ပြီး ကောက်ယူတာတွေ ရှိနေတာကိုတွေ့ရပါတယ်။ အဲဒီတော့ ကျနော်တို့လို ပါတီငယ်လေေးတွေကရော အတူလိုက်ပါ ကောက်ယူလို့ မရဘူလား” လို့ အလုပ်သမားလယ်သမားအင်အားစုပါတီရဲ့ဗဟိုဥက္ကဋ္ဌ ဦးမင်သူက ထောက်ပြဆွေးနွေးခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အဖွဲတွေဟာ ရွေးကောက်ပွဲကို တရားမျှတစွာ နဲ့ ဘက်မလိုက် ဘဲ ကျင်းပပေးရမှာဖြစ်တဲ့အတွက် ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကိုမှ ဘက်မလိုက်ဘဲ တရားမျှတတဲ့ ရွးကောက်ပွဲကြီးဖြစ်အောင် ဆောင်ရွက်ပေးဖို့ UEC ကနေ အဖွဲ့ဝင်တွေကို မေတ္တရပ်ခံမှာကြားသွားပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013