DVB Logo
Home
မြန်မာသတင်း
မဟာဓာတ်အားလိုင်းကြောင့် နစ်နာသည့် ကသာတောင်သူ ၇၆ ဦးကို လျော်ကြေးပေး
DVB
·
July 13, 2019
မဟာဓာတ်အားလိုင်းကြောင့် နစ်နာသည့် ကသာတောင်သူ ၇၆ ဦးကို လျော်ကြေးပေး
Donate to DVB

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ UREC ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုဆောင်ရွက်နေတဲ့ ၂၃၀ ကေဗွီ ဗန်းမော်-နဘား ဓာတ်အားလိုင်းတည်ဆောက်ရာမှာ ထိခိုက်နစ်နာခဲ့တဲ့ ကသာမြို့နယ်ထဲက ဒေသခံတောင်သူတွေကို လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကနေ နစ်နာကြေး ပေးအပ်ခဲ့ပါတယ်။

ဓာတ်အားလိုင်းဖြတ်သန်းသွားရာ ကသာမြို့နယ် စကားကုန်း၊ ကူးကာ၊ ဘွက်၊ ကျောက်ထုံးကြီး၊ ပုလွေရွှေ၊ ပြည်သာယာ၊ လမ်းခွ စတဲ့ ကျေးရွာ ၇ ရွာက တောင်သူ ၇၆ ဦးရဲ့ ထိခိုက်ပျက်စီးတဲ့ မြေယာနဲ့သီးနှံတွေအတွက် မြေယာနဲ့သီးနှံဈေးနှုန်းသတ်မှတ်ရေးအဖွဲ့ကနေ သတ်မှတ်တွက်ချက်ထားတဲ့အတိုင်း နစ်နာကြေး ကျပ်သိန်းပေါင်း ၉၁၃ သိန်းကျော်ကို ဇူလိုင်လ ၁၂ ရက်နေ့က ကသာမြို့ စီခန့်ကော်မတီရုံးမှာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒီမဟာဓာတ်အားလိုင်းကို ၂၀၁၇ ခုနှစ်၊ ၁၀ လပိုင်းက လုပ်ငန်းစတင်ခဲ့တာဖြစ်ပြီး အခုနှစ် ၁၀ လပိုင်းမှာ လုပ်ငန်းအပ်ရမှာဖြစ်ပါတယ်။

အဓိကအနေနဲ့ တာပိန် ၁ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက ထွက်ရှိမယ့် ၂၄၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားကို ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက မီးမရရှိသေးတဲ့ ဒေသတွေအတွင်း ဓာတ်အားအလုံအလောက် တိုးတက်ဖြန့်ဖြူးပေးနိုင်စေဖို့၊ ပိုလျှံဓာတ်အားကို ဓာတ်အားစနစ်နဲ့ ချိတ်ဆက်ဆောင်ရွက်ရန်တို့အတွက် ရည်ရွယ်ကာ သွယ်တန်းနေတာ ဖြစ်ပါတယ်။

ဗန်းမော်- နဘား ၂၃၀ ကေဗွီဓာတ်အားလိုင်းက အရှည် ၇၅ မိုင်ရှိပြီး တိုင်ပေါင်း ၂၉၅ တိုင်ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013