DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် တရားမဝင်ငါးမွေးကန် ဧက ၅၀၀၀၀ ခန့်ရှိ၊ မှတ်ပုံမတင်ပါက အရေးယူမည် 
DVB
·
July 13, 2019
ရန်ကုန်တိုင်းတွင် တရားမဝင်ငါးမွေးကန် ဧက ၅၀၀၀၀ ခန့်ရှိ၊ မှတ်ပုံမတင်ပါက အရေးယူမည် 
1 / 4
Donate to DVB

ရန်ကုန်တိုင်းထဲမှာ တရားမဝင်တူးဖော်ထားတဲ့ ငါမွေးကန်ဧကပေါင်း ၅၀၀၀၀ နီးပါးရှိနေပြီး တရားဝင်မှတ်ပုံမတင်ရင် အရေးယူတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီးက ပြောပါတယ်။

ငါးမွေးမြူရေးကန်တွေ၊ အင်းတွေနဲ့ပတ်သက်ပြီး ရန်ကုန်အစိုးရအနေနဲ့ ဝင်ငွေတိုးအောင် ဘယ်လိုဆောင်ရွက်မလဲ၊ တရားမဝင်မွေးမြူရေးလုပ်နေတဲ့သူတွေကို ဘယ်လိုအရေးယူမလဲဆိုပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဒီနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့တဲ့အပေါ် ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။

ရန်ကုန်တိုင်း စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီး ဦးဟန်ထွန်းက “ရန်ကုန်တိုင်းမှာ ငါးမွေးမြူရေးကန်ပေါင်း ၈၇၀၀၀ ကျော်ရှိပါတယ်။ အဲဒီအထဲက လန ၃၉ ရထားတဲ့ တရားဝင်ငါးမွေးကန်က ဧက ၃၇၃၈၂ ဧက ကျော်ပဲ ရှိတယ်”လို့ ပြောပါတယ်။

ဧက ၅၀၀၀၀ နီးပါးဟာ တရားဝင်မဟုတ်တဲ့အတွက် အစိုးရအတွက် အခွန်ငွေ နစ်နာနေတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

ရန်ကုန်တိုင်းမှာ  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ငါးမွေးမြူရေးနဲ့ အင်းတွေကနေ ဝင်ငွေကျပ်သန်း ၃၉၀ ကျော်ရရှိခဲ့ပါတယ်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ ၄၉၇ သန်းကျော်၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ ၆၅၂ သန်းကျော်ရရှိခဲ့ပြီး အခုလက်ရှိဘဏ္ဍာနှစ်မှာ ငွေကျပ်သန်း ၆၉၀ ကျော်ရရှိထားပါတယ်။ 

ရန်ကုန်တိုင်းအတွင်းက ငါးမွေးကန်တွေကို တနှစ်တကြိမ် ငါးမွေးလိုင်စင် အစိုးရက ချထားပေးပြီး တင်ဒါစနစ်နဲ့ လုပ်ငန်းလည်ပတ်နေတာပါ။ 

သတင်း- ဇေယျာချမ်းအေး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013