DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေ၊ ပြည်နယ်နှင့်တိုင်းအချို့ မိုးကြီးမည်
DVB
·
July 13, 2019
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေ၊ ပြည်နယ်နှင့်တိုင်းအချို့ မိုးကြီးမည်
Donate to DVB

ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုံလေ အားနည်းနေပြီး၊ ဘင်္ဂလား ပင်လယ်အော်မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး  ပြည်နယ်နဲ့တိုင်းအချို့ မိုးကြီးမယ်လို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

ဒီနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းမှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရခိုင်ပြည်နယ်မှာ ဒေသအလိုက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်း ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၇ ပေမှ ၉ ပေခန့်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်း လွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၇ ပေလောက် ရှိနိုင်ပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမယ်လို့ ဆိုပါတယ်။

ဒီနေ့ညနေထိ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ မိုးအသင့်အတင့်၊ ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ မိုးတစ်ကြိမ် နှစ်ကြိမ်၊ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013