DVB Logo
Home
မြန်မာသတင်း
ဝိညာဉ်မဲ့ မြတ်ဆရာ ဂုဏ်ပြုပွဲ ရန်ကုန် ဆေးတက္ကသိုလ် ၁ တွင်ကျင်းပ  
DVB
·
July 12, 2019
ဝိညာဉ်မဲ့ မြတ်ဆရာ ဂုဏ်ပြုပွဲ ရန်ကုန် ဆေးတက္ကသိုလ် ၁ တွင်ကျင်းပ  
Donate to DVB

ဆေးတက္ကသိုလ် (၁) ရန်ကုန်မှာ ကျောင်းသားကျောင်းသူတွေ ခန္ဓာဗေဒ ဘာသာရပ် လက်တွေ့ ခွဲစိတ်လေ့လာ သင်ကြားနိုင်ဖို့ ခန္ဓာကိုယ်လှူဒါန်းရာမှာ လူငယ်တွေက အများဆုံးဖြစ်တယ်လို့ ဆေးတက္ကသိုလ် တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီလို လာရောက်လှူဒါန်းတာဟာ ကျောင်းသား ကျောင်းသူတွေအတွက် အကျိုးသက်ရောက်မှုတွေ အများကြီးရှိတယ်လို့ ဇူလိုင် ၁၂ ရက်နေ့က ပြုလုပ်တဲ့ ဆေးတက္ကသိုလ် (၁) ရန်ကုန် ခန္ဓာဗေဒဌာနက ဝိညာဉ်မဲ့ မြတ်ဆရာတွေကို ဂုဏ်ပြုခြင်း အခမ်းအနားမှာ ဆေးတက္ကသိုလ်( ၁) ရန်ကုန် ဌာနမှူး ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်စန်းနွယ်က ပြောပါတယ်။

ဝိညာဉ်မဲ့ခန္ဓာကိုယ်တွေနဲ့ လက်တွေ့လေ့လာသင်ကြားမှု ရတာဟာ အရမ်းကောင်းတဲ့ သင်ကြားမှု ဘာသာရပ်တခု ဖြစ်တယ်လို့ ဆေးတက္ကသိုလ်(၁) ရန်ကုန် ကျောင်းသူ မအေအေးအောင်က ပြောပါတယ်။

အခုလို ခန္ဓာကိုယ်ကို လာရောက်လှူဒါန်းတာဟာ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှာ ရှိတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့အနာဂတ် ကောင်းမွန်လာမယ်လို့ လည်း ပြောပါတယ်။

ကွယ်လွန်သွားတဲ့ အလှူရှင်ခန္ဓာကိုယ်တွေကို ဆေးစိမ်ထိန်းသိမ်းထားပြီး ဆေးတက္ကသိုလ်ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားတွေ စာသင်ကြားနိုင်ဖို့နဲ့ ဆေးဘက်ဆိုင်ရာ သုတေသနပြုလုပ်တာတွေမှာ အသုံးပြုတာလို့  ပါမောက္ခ ဒေါ်မြင့်စန်းနွယ်က ပြောပါတယ်။

 

သတင်း- နေလင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013