DVB Logo
Home
မြန်မာသတင်း
တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားမှုဖြင့် ထပ်မံအရေးယူ  
DVB
·
July 12, 2019
တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားမှုဖြင့် ထပ်မံအရေးယူ  
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ထပ်မံအမှုဖွင့်လှစ်အရေးယူလိုက်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က  ဇူလိုင် ၁၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ဝန်ဆောင်ခနဲ့ တရားမဝင်တဲ့ တခြားအကျိုးခံစားခွင့်တွေရယူနေတယ်လို့ တိုင်ကြားချက်ရ ကော်မရှင်က စုံစမ်းစစ်ဆေးပြီး  ဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆နဲ့ တွံတေးမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူလိုက်တာပါ။ 

ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ  ဦးမိုးခိုင်ထွန်းဟာ အရက်လိုင်စင်လျှောက်ထားတဲ့ကိစ္စနဲ့ပတ်သက်လို့ ယစ်မျိုးလိုင်စင်ရရှိသူတွေထံက  ငွေကျပ် ၅သိန်း၊ ခေါင်ရည်လိုင်စင်အတွက် ငွေကျပ် ၁သိန်းခွဲ၊ သင်္ကြန်အတွက် ငွေကျပ် ၂ သိန်းတို့ကို လက်ခံရယူခဲ့တာ စစ်ဆေးစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့လည်းဆိုပါတယ်။

တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းဟာ ပြီးခဲ့တဲ့ ဇွန် ၂၁  ရက်ကလည်း ခလောက်ချိုက်ကျေးရွာအုပ်စုမှာ လယ်မြေ ဧက ၂၀ ကျော် မြေပိုင်ဆိုင်မှု အငြင်းပွားတာနဲ့ ပတ်သက်ပြီး ငွေကျပ် သိန်း ၁၂၀  လာဘ်စားခဲ့တယ်ဆိုပြီး အမှုဖွင့် အရေးယူခံထားရပါတယ်။

အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး  ဦးသန့်ဇင်ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တောင်စွန်း ရဲစခန်းမှာ ဇူလိုင်လ ၁၀ ရက်က အမှုဖွင့်အရေး ယူထားပါတယ်။

ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ ကျေးရွာပိုင် ကွင်းအမှတ်(၁၉)(ခ)ကွင်း သောင်နုမြေတွေကို  လယ်သမား ၇ ဦးအား စုစုပေါင်း ငွေကျပ် ၄၄၀၀၀၀ဝနဲ့ ရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူခံရတာပါ။ 

ဒါ့အပြင် အုပ်ချုပ်ရေးမှူး  ဦးသန့်ဇင်ဟာ ၂၀၁၈ ခုနှစ် မိုးရာသီမှာ ပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်မြေ ၁၇၂၆ ဧကအတွက် နိုင်ငံတော်က တဧကလျှင် ငွေကျပ် ၈၅၀ဝနှုန်းနဲ့ ထောက်ပံ့ ကူညီငွေတွေ ထဲက တဧကကို ကျပ် ၁၀၀ဝ နှုန်းနဲ့ လယ်သမား ၁၃ ဦးထံက စုစုပေါင်း ငွေကျပ် ၁၄၅၀၀ဝ တောင်းခဲ့တယ်လို့လည်း ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013