ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 12, 2019
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၇၂၀၀ ပေါက်ဈေးရှိပြီး ၂၂၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၄၈၀၀ ကျပ် ဈေးကွာခြားပါတယ်။
စားတော်ပဲလုံး
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စားတော်ပဲလုံးက ၅၉ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၇၇၉၀၀ ကနေ ၇၉၀၀၀ အထိ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ စားတော်ပဲလုံး တအိတ်ကို ၁၀၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၂၆၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲစင်းငုံနီ
မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိဿာ ၆၀ ဝင်တအိတ်ကို ၉၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၇၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၅၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲကြီး
မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၇၇၀၀၀ ကနေ ၁၀၀၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၉၆၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၄၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
မြေပဲလုံးဆံနီ
မန္တလေးကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီ တပိဿာကို ၃၅၀၀ ကနေ ၃၉၅၀ အထိ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီ တပိဿာကို ၃၈၅၀ ကနေ ၃၉၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၅၀ ကျပ် ဈေးကွာခြားပါတယ်။
နှမ်းညို
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၅၀၀၀၀ ကနေ ၁၅၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းညိုတအိတ်ကို ၁၅၁၅၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၅၀၀ ကျပ် ဈေးကွာခြားပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA