DVB Logo
Home
မြန်မာသတင်း
တပ်မတော်ကတရားစွဲထားသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အမှု မစစ်ဆေးဖြစ်
DVB
·
July 12, 2019
တပ်မတော်ကတရားစွဲထားသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အမှု မစစ်ဆေးဖြစ်
1 / 6
Donate to DVB

တပ်မတော်အပေါ်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် တရားရုံးမှာ ဇူလိုင် ၁၂ ရက်မနက်က ရုံးထုတ်ခဲ့ပေမယ့် အမှုမစစ်ဆေးဖြစ်ဘဲ ဇူလိုင် ၂၆ ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

ဒီကနေ့ ၇ ကြိမ်မြောက်ရုံးထုတ်ရာမှာ မိသားစုဝင်တွေနဲ့ ကိုနေမျိုးဇင်ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ လာရောက်ခြင်းမရှိသလို စစ်ဆေးခြင်းလည်း မရှိခဲ့ပါဘူး။

ကိုနေမျိုးဇင်က "ကျနော့်အမှုကို စတင်စစ်ဆေးတာ သုံးလပြည့်တော့မယ်၊ ခုချိန်ထိ ဘာမှ မစစ်ဆေးဖြစ်သေးသလို ရုံးပြောင်းလျှောက်ထားတာလည်း ခုချိန်ထိမသိရသေးပါဘူး။ အမှုစစ်ဆေးဖို့ ကြန့်ကြာနေတာရယ်၊ ရုံးပြောင်းလျှောက်ထားတာ မထူးသေးဘူးတဲ့။ လာရောက်ဝန်းရံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်အတွက် အချိန်တွေကုန်တယ်"လို့ ပြောပါတယ်။

ဧပြီ ၁ ရက်နေ့က အဖျောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာထင်လင်းဦး၊ ကိုနေရဲ(ခ)ကိုနန္နအောင်နဲ့ ကိုနေမျိုးဇင်တို့ ဟောပြောခဲ့ကြတာပါ။

ကိုနေမျိုးဇင်ရဲ့ ဟောပြောချက်တွေဟာ တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုပြီး တိုက်ကြီးမြို့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ဒုဗိုလ်မှူးကြီးတိုးလင်းက ဧပြီလ ၃ ရက်နေ့မှာ တရားစွဲဆိုခဲ့တာပါ။
သတင်း -မေသွယ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013