DVB Logo
Home
မြန်မာသတင်း
သထုံမြို့တွင် တရားမ၀င် ငရုတ်သီးအမှုန့်ကြိတ်လုပ်ငန်းကို အက်ဖ်ဒီအေ၀င်စစ်
DVB
·
July 12, 2019
သထုံမြို့တွင် တရားမ၀င် ငရုတ်သီးအမှုန့်ကြိတ်လုပ်ငန်းကို အက်ဖ်ဒီအေ၀င်စစ်
1 / 4
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့၊ ဂေါ့ကျေးရွာ၊ ရွာလေးပိုင်းမှာ တရားဝင်လိုင်စင်မရှိဘဲ ငရုတ်သီးမှုန့်ထုတ်လုပ်နေတဲ့ ဒေါ်မချိုပိုင် ငရုတ်သီးအမှုန့်ကြိတ်လုပ်ငန်းကို ဇူလိုင် ၁၂ ရက်နေ့၊ မနက်ပိုင်းက မွန်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအဖွဲ့ (အက်ဖ်ဒီအေ) က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ ပထမတကြိမ်စစ်ဆေးပြီးခဲ့ပြီးပါပြီ။ အဲ့ဒီတုန်းကလည်း ငရုတ်သီးတွေမှာ မှိုတွေတွေ့လို့ စီမံခန့်ခွဲရေး နည်းလမ်းအရ ပိတ်ပါလို့ပြောခဲ့ပါတယ်။ သူတို့က ဆက်လုပ်နေတာတွေ့လို့ ဒီနေ့ အက်ဖ်ဒီအေနဲ့ အာဏာပိုင်အဖွဲ့တွေက ၀င်စစ်တော့ စားသုံးရန်မသင့်တဲ့ ငရုတ်သီးတွေတွေ့လို့ နမူနာယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးသွားမှာပါ။ သူတို့ လုပ်နေတာကလည်း နှစ် ၂၀ ကျော်လောက်ရှိနေပြီ။ ပြည်သူတွေဘက်ကလည်း အညှော်နံ့တွေ မခံနိုင်လို့ တိုင်ထားတာတွေလည်းရှိပါတယ်။ လောလောဆယ်တော့ လုပ်ငန်းကို ပိတ်ခိုင်းထားပါတယ်” လို့ သထုံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်က ပြောပါတယ်။ 

မွန်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (အက်ဖ်ဒီအေ) အနေနဲ့ စစ်ဆေးတွေ့ရှိခဲ့တဲ့ ငရုတ်သီး နမူနာတွေကိုယူပြီး ဓာတ်ခွဲခန်းစစ်ဆေးတွေ့ရှိချက်တွေအပေါ် သတင်းပြန်လည်ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး စားသုံးရန်မသင့်ပါက ကော်မတီအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် အက်ဖ်ဒီအေက သိရပါတယ်။

သထုံမြို့နယ်၊ ဂေါ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှတင်က “သူတို့ကလုပ်နေတာကြာပါပြီ။ ဘာတံဆိပ်မှလည်း မကပ်ဘဲနဲ့ ဒီအတိုင်းပဲရောင်းနေကြတယ်။ အဲ့ဒီကလူတွေလည်း တရွာလုံးနီးပါးက အနံ့မခံနိုင်လို့ လာတိုင်ကြတာပေါ့။ အဲ့ဒီအနံ့ကြောင့် တချို့လူတွေနဲ့ သံဃာတော်တွေ ကျန်းမာရေးထိခိုက်ပြီး ရောဂါရကြတာတွေရှိတာပေါ့။ သံဃာ ၂ ပါးလောက်ကလည်း အဲ့ဒီအနံ့ဆိုးကြောင့် ရောဂါရပြီး ပျံလွန်တော်မူသွားတယ်လို့ ရွာသားတွေက ပြောတယ်။ ရွာသားတွေကတော့ လုပ်ငန်းကို အပြီးတိုင်ပိတ်သိမ်းပေးဖို့ တင်ပြတောင်းဆိုထားတာတွေလည်း ရှိပါတယ်” လို့ပြောပါတယ်။

သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ဂေါ့ရွာလေးပိုင်းရှိ ဒေါ်မချို ပိုင်ဆိုင်တဲ့င ရုတ်သီးကြိတ်စက်ရုံက အမှတ်တံဆိပ်မပါ ငရုတ်သီးမှုန့်လှော် အသေး၊ အကြီး ၅၀ ကျပ်သား တန်ဖိုး ၄၄၀၀ ကျပ်ကို ဓာတ်ခွဲခန်းစစ်ဆေးဖို့ နမူနာယူဆောင်သွားပြီး မှိုတက်နေတဲ့ ငရုတ်သီးအချို့ကိုတော့ ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ယူမင်စိုး

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013