DVB Logo
Home
မြန်မာသတင်း
ရွှေလုပ်ငန်းရှင်များအတွက် မှုခင်းရေးရာကိစ္စများကို အစိုးရက ကူညီပေးရန်တိုက်တွန်း 
DVB
·
July 12, 2019
ရွှေလုပ်ငန်းရှင်များအတွက် မှုခင်းရေးရာကိစ္စများကို အစိုးရက ကူညီပေးရန်တိုက်တွန်း 
Donate to DVB

ရွှေလုပ်ငန်းရှင်တွေအတွက် မှုခင်းရေးရာကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတော်ဘက်က ကူညီပေးဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ၊ ဗဟိုရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။

နိုင်ငံတော်ကို အခွန်ဆောင်ပြီး တရားဝင်ရောင်းဝယ်နေပေမယ့် အကြောင်းအမျိုးမျိုးနဲ့ သူခိုးပစ္စည်းဖြစ်သွားပြီး ကြံရာပါအပြင် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းတာတွေနဲ့ ပတ်သက်လို့ ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်မှာ မြန်မာနိုင်ငံ ဗဟိုရွှေ လုပ်ငန်းရှင်အသင်းနဲ့ ကရင်ပြည်နယ်ရွှေလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံ၊ ဗဟိုရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက “သဘာဝကျကျ ရောင်းပေးရမယ်။ဝယ်ပေးရမယ်။ ဒီလိုလုပ်ပေးတာကို ဥပဒေမှာ အဓိပ္ပာယ်သတ်မှတ်တဲ့အခါ တလွဲ။ ဆိုလိုတဲ့ သဘောက ဥပဒေကို လိုတဲ့အပိုင်းမှာရေးပြီး မလိုတဲ့အပိုင်းကို ဖယ်ထားတဲ့ ပုံစံမျိုးမဖြစ်ရအောင် နိုင်ငံတော်ဘက်က ကူညီပေးဖို့ လိုအပ်မယ်ထင်တယ်”လို့ ပြောပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို ရွှေလုပ်ငန်းရှင်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မှုခင်းရေးရာအပိုင်းတွေ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာရင် ပြည်တွင်းရွှေလုပ်ငန်းရှင်တွေ ရေရှည်ရပ်တည်နိုင်ဖို့၊ ပန်းတိမ်လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပြည်နယ်နဲ့ တိုင်းအလိုက် အသင်းဖွဲ့စည်းမှု ပိုမိုအားကောင်းပြီး အောင်မြင်လာစေဖို့အတွက် ရည်ရွယ်ပြုလုပ် ခဲ့တာပါ။

လက်တလော ရွှေလုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်၊ ရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက “အခက်အခဲက ရောင်းမှား ၀ယ်မှားတာတွေ။ သူခိုးဆိုတာက ချိုမပါဘူး။ လာရောင်းတယ်၊ ပစ္စည်းမှန်ကန်တယ်ဆိုပြီးတော့ ၀ယ်တယ်။ ၀ယ်ပြီးတော့ သူပစ္စည်းလိမ်တော့ နည်းဥပဒေဘောင်းအတွင်းကနေ ဖြေရှင်းရတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ဗဟိုရွှေလုပ်ငန်းရှင်အသင်းကို ၂၀၀၂ ခုနှစ်က စတင်ဖွဲ့စည်းပြီး အခုအခါမှာ ညီနောင်အသင်း ၈ သင်းအထိ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ကရင်ပြည်နယ်ရွှေလုပ်ငန်းရှင်အသင်းကိုတော့ ၂၀၀၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ရာက အခု အသင်းဝင် ၇၀ နီးပါးရှိပြီး အသင်းဝင်တိုးပွားရေး စည်းရုံးဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013