DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံစေတီတော်တွင် ဒရုန်းလွှတ်တင်ခဲ့သည့် တရုတ်နိုင်ငံသားကို ခေါ်ယူသတိပေး
DVB
·
July 12, 2019
ရွှေတိဂုံစေတီတော်တွင် ဒရုန်းလွှတ်တင်ခဲ့သည့်  တရုတ်နိုင်ငံသားကို ခေါ်ယူသတိပေး
Donate to DVB

ရွှေတိဂုံစေတီတော်မှာ ဒရုန်းလွှတ်တင်ခဲ့တဲ့  တရုတ်နိုင်ငံသား ၁ ဦးကို စေတီလုံခြုံရေးအဖွဲ့ ခေါ်ယူသတိပေးပြီး နောက်နောင် ထပ်မံမလုပ်ဖို့ သတိပေးခဲ့တယ်လို့  ပြည်ထဲရေးက ဇူလိုင် ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့ မနက် ၁၀ နာရီလောက်က ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဟာ ရွှေတိဂုံစေတီတော် အရှေ့ဘက် ဓာတ်လှေကားထိပ်မှာ DJL Mavic Air အမျိုးအစား Drone ယာဉ် ၁ စင်း လွှတ်တင်နေတဲ့ တရုတ်နိုင်ငံသား Wu Ru အား တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအဖွဲ့က Drone ယာဉ် ၁ စင်း၊ မန်မိုရီစတစ် 64 GB ၁ ခု၊ Battery ၂ ခု၊ ရီမု ၁ ခု တို့အား သိမ်းဆည်းခဲ့ပြီး တရုတ်နိုင်ငံသားကို ခေါ်ယူမေးမြန်းခဲ့ရာ စေတီတော်ကို ဘုရားလာဖူးစဉ် Drone ယာဉ်နဲ့ အပျော်တမ်းမှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးခြင်းဖြစ်ကြောင်း၊ အလားတူ နောက်နောင် ထပ်မံမပြုလုပ်ဖို့ ရှင်းလင်းပြောကြားပြီး ပြန်လည်စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ရွှေတိဂုံစေတီတော် ပရ၀ုဏ်အတွင်း မောင်းသူမဲ့ဒရုန်း လွှတ်တင်တာကို ပိတ်ပင်ထားပြီး လွှတ်တင်ပါက သွင်းကုန်ထုတ်ကုန် ဥပဒေအရ အရေးယူသွားမယ်လို့ ရွှေတိဂုံဂေါပဂအဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ထုတ်ပြန်ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လကလည်း နေပြည်တော်မှာ ခွင့်ပြုချက်မရှိဘဲ ဒရုန်းလွှတ်တင်ခဲ့တဲ့ ပြင်သစ်နိုင်ငံသားတဦးကို အလုပ်နဲ့ ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

ပြင်သစ်နိုင်ငံသား Mr.MICHEL DESCLAUX ဟာ မြ၀တီနယ်စပ်ကနေ တရားဝင်ဗီဇာနဲ့ လာရောက်လည်ပတ်တာဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်က နေပြည်တော် လွှတ်တော်နားမှာ ဒရုန်းလွှတ်တင် ဗွီဒီယို ရိုက်ကူးမိခဲ့တာကြောင့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈  နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကလည်း နေပြည်တော် လွှတ်တော် အဆောက်အအုံနားမှာ ဒရုန်းလွှတ်တင်ခဲ့တဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ဦး၊ မြန်မာသတင်းထောက် ၁ ဦးနဲ့ ယာဉ်မောင်း ၁ ဦးတို့ကို လေကြောင်း အက်ဥပဒေ ပုဒ်မ ၁၀ နဲ့ ထောင်ဒဏ် ၂ လ စီချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013