DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့တွင် ရာသီတုပ်ကွေး​ရောဂါ H1N1 ပညာပေး
DVB
·
July 11, 2019
လွိုင်ကော်မြို့တွင် ရာသီတုပ်ကွေး​ရောဂါ H1N1 ပညာပေး
1 / 6
Donate to DVB

ရာသီတုပ်ကွေး​ရောဂါ H1N1 နဲ့ပတ်သက်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှာ အသိပညာပေးမှုနဲ့ ပညာပေးစာရွက်ဝေတာ၊ ဆေးဆပ်ပြာ ဖြန့်ဝေတာတွေ ပြုလုပ်ခဲ့ပါတယ်။

ရာသီတုပ်ကွေး H1N1 နဲ့ပတ်သက်ပြီး ကယားပြည်နယ်အတွင်းမှာ သံသယလူနာတွေ မတွေ့ရသေးပေမယ့် လူထုတွေကြား အသိပညာပေးမှုတွေ လုပ်ဆောင်တာဖြစ်တယ်လို့ ပြည်နယ် ကျန်းမာရေးဦးစီးဌာန အထူးရောဂါနှိမ်နှင်းရေးတာဝန်ခံ ဒေါက်တာ ထွန်းနေ၀င်းက ပြောပါတယ်။ 

မနေ့တုန်းက လွိုင်ကော် သိရိမင်္ဂလာတောင်ဈေးနဲ့ အဝေးပြေးကားဂိတ်တွေမှာ ပညာပေးစာ နဲ့ ဆပ်ပြာတွေဖြန့်ဝေခဲ့သလို ဒီကနေ့မှာလည်း နောင်ယားဈေးမှာ ပြုလုပ်ခဲ့ပါတယ်။ 

ဒေါက်တာ ထွန်းနေ၀င်းက “အခု  ရာသီတုပ်ကွေး​ရောဂါ H1N1ဟာ မြန်မာတနိုင်ငံလုံးမှာ ဖြစ်ပွားနေတယ်၊ ကူးစက်ရောဂါတခုလည်းဖြစ်တဲ့အတွက်ကြောင့် ဒီH1N1 ရောဂါ ဘယ်လို ကူးစက်လဲဆိုတာ အသက်ရှူလမ်းကြောင်းကနေ ဆင့်ကူးစက်တယ်ပေါ့နော်။  အသက်ရှူ လမ်းကြောင်းကနေ ဆင့် ကူးစက်တယ်ဆိုတော့ ကူးစက်ပြန့်ပွားမှုနှုန်းက မြင့်မားနိုင်တယ်ပေါ့။ ကူးစက်မြန်လို့လည်း မြန်မာတနိုင်ငံလုံးမှာ သေဆုံးသူ ၃၇ ဦးရှိနေပြီပေါ့နော်။ ကျနော်တို့ ကယားပြည်နယ်မှာ မဖြစ်ပွားသေးပါဘူး။ သံသယလူနာအနေနဲ့ မရှိသေးပါဘူး။ သို့သော်လည်း တခြားပြည်နယ်နဲ့ တိုင်းတွေကနေဆင့် အထူးသဖြင့် ရန်ကုန်ကို ခရီးသွားတာတွေရှိတယ်။ မန္တလေးလိုဖြစ်ပွားနေတဲ့နေရာတွေ သွားတာတွေရှိတယ်။ အဲလူတွေကနေဆင့် ဒီကိုပြန်လာခဲ့လို့ ရှိရင် ရောဂါကူးစက်ခံရနိုင်တဲ့သူတွေ ပါကောင်းပါလာနိုင်တယ်။ အဲဒါကြောင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ ကြိုတင်လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ”လို့ ပြောပါတယ်။

ကယားပြည်နယ်မှာ H1N1 သံသယ လူနာတွေမရှိသေးသလို အခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းကလည်း အရင်နှစ်ထက်စာရင် နည်းပါးတယ်လို့လည်း ဒေါက်တာထွန်းနေ၀င်းက ပြောပါတယ်။

ဇူလိုင် ၁၀ ရက်အထိ မြန်မာတနိုင်ငံလုံး အတိုင်းအတာအ​နေနဲ့ ရာသီတုပ်ကွေး သံသယလူနာ ၅၃၇ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူပေါင်း ၁၉၅ဦးရှိပြီး သေဆုံးသူ ၃၇ ဦးရှိတယ်​လို့ ကျန်းမာရေးနဲ့​အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်​။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013