DVB Logo
Home
မြန်မာသတင်း
RCSS နှင့်  NRPC တွေ့ဆုံဆွေးနွေးပွဲတွင် သဘောထားစုစည်းချက် ၈ ချက်ရရှိ
DVB
·
July 11, 2019
RCSS နှင့်  NRPC တွေ့ဆုံဆွေးနွေးပွဲတွင် သဘောထားစုစည်းချက် ၈ ချက်ရရှိ
Donate to DVB

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ  (RCSS/SSA) နဲ့ NRPC တွေ့ဆုံမှုမှာ သဘောထားစုစည်းချက်  ၈ ချက်ရရှိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်က နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ နှစ်ဘက် တွေ့ဆုံမှုအပြီး ပြောဆိုခဲ့ကြတာပါ။

“၈ လအတွင်းမှာ ၈ ကြိမ်မြောက်ဆွေးနွေးတာ သဘောထားစုစည်းချက် (၈)ချက် ရတာပေါ့။ ဒါလေးကတော့ အမှတ်တရပါ။ နောက်တို့ဆွေးနွေးတာကတော့ အဓိက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်တွေ အပိုင်း (၁)ဆွေးနွေးပါတယ်။ အဲ့မှာတော့ အဓိကတော့ အမျိုးသားနိုင်ငံရေးအဆင့် ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးကိစ္စ ဆွေးနွေးပါတယ်။ တရားဝင် ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ ဆွေးနွေးပါတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဆွေးနွေးပွဲမှာ ပြည်ထောင်စု ငြိမ်ချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ စတုတ္တအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စပေါ် သဘောထား၊ ဒေသဖွံ့ဖြိုးရေးပိုင်းတွေ၊ မုန်းထော်ဒေသနဲ့ နမ့်ပန်ခွန်မြောက်ခြမ်း ဖွံ့ဖြိုးရေးကိစ္စတွေနဲ့ စာသင်ကျောင်း၊ ကျေးလက် ဆေးပေးခန်းတွေ ဆောက်လုပ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့၊ အကျဉ်းကျခံနေရတဲ့ RCSS တပ်ဖွဲ့ဝင်တွေ ပြန်လည်လွှတ်ပေးဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြပါသေးတယ်။

“အဖမ်းခံထားရတာက တယောက်လောက်ပဲ ကျန်ပါတော့တယ်။ ပထမတုန်းက အယောက် ၃၀ လွှတ်ပေးခဲ့ပါတယ်။ အခုကျန်တာ အရပ်သားတယောက်ပဲ ကျန်ခဲ့ပါတယ်။ ဒါကို အတက်နိုင်ဆုံး အမြန်လွတ်မြောက်အောင် ဆောင်ရွက်ပေးမယ်လို့လဲ ပြောကြားခဲ့ကြပါတယ်”လို့ RCSS က ဗိုလ်မှူးကြီး စိုင်းငေးက ပြောပါတယ်။

ဒီကြားကာလအတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အာရုံထား အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့လိုအပ်ပြီး ၂၀၂၀ အလယ်လောက်မှာဆိုရင် ရွေးကောက်ပွဲတွေနဲ့ အလုပ်များစေ နိုင်တာကြောင့် အဲဒီကာလမတိုင်ခင် အဓိကကျတဲ့ ဖက်ဒရယ်အခြေခံမူနဲ့ ဒီမိုကရေစီအခြေခံမူတွေ ကို ရအောင်လုပ်ဆောင်ရဖို့ လိုအပ်တယ်လို့လဲ ဗိုလ်မှူးကြီး စိုင်းငေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013