
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရေနံမကျေးရွာမှာ ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းက တရားမဝင် ရေနံချက်ဖို ၃ လုံး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ရေနံမနယ်မြေ ရဲစခန်းမှူးက ပြောပါတယ်။
မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးပြီး မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူ အဖွဲ့တို့ ပူးပေါင်းတဲ့ တပ်ဖွဲဝင်တွေက ရေနံမကျေးရွာအနီးမှာ တရားမဝင်ရေနံစိမ်း ချက်လုပ်နေတဲ့ သတင်းအရ ရှာဖွေဖမ်းဆီးခဲ့ကြတာပါ။
ရေနံမ နယ်မြေရဲစခန်းမှူး ရဲအုပ်အောင်မင်းဦးက "ရေနံမကျေးရွာ မြောက်ဘက် တစ်မိုင်ခန့်အကွာ တောင်ကုန်းတစ်ခုကနေ တရားမဝင် ချက်ဖို ၃ လုံးနဲ့ ရေနံချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာပါ။ ကာလတန်ဖိုး ကတော့ ကျပ် ၅၂ သိန်း ကျော်ဖိုးခန်းရှိတယ်”လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ တရားမဝင် ရေနံချက်လုပ်သူတွေကို စုံစမ်းဖော်ထုတ်ဖို့ ရဲအုပ် ဇင်မင်းထွန်းမှ တရားလိုပြုလုပ်တိုင်တန်းခဲ့တဲ့အတွက် ရေနံမနယ်မြေရဲစခန်းမှာ ရေနံနဲ့ ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး











