DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကျူးကျော်များနှင့် ရဲတပ်ဖွဲ့ အဓိကရုန်းဖြစ်ပွား၊ သေနတ်ပစ်ဖောက်လူစုခွဲ 
DVB
·
July 11, 2019
မန္တလေးတွင် ကျူးကျော်များနှင့် ရဲတပ်ဖွဲ့ အဓိကရုန်းဖြစ်ပွား၊ သေနတ်ပစ်ဖောက်လူစုခွဲ 
1 / 16
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၇၄ လမ်း၊ စိန်ပန်းလမ်းပေါ်က အောင်မြင်သူကုမ္ပဏီပိုင် မြေကွက်ပေါ်က  ကျူးကျော်အိမ်တွေကို ဒီနေ့ မနက်က ရှင်းလင်းရာမှာ ကျူးကျော်နေထိုင်သူတွေနဲ့ ရဲတပ်ဖွဲ့ အဓိကရုန်းဖြစ်ပွားခဲ့ပါတယ်။

အဓိကရုန်းဖြစ်ပွားချိန်မှာ ရဲတပ်ဖွဲ့က သေနတ် ၂ ချက်ပစ်ဖောက်တားမြစ်ခဲ့ရပြီး စခန်းမှူး အပါအ၀င် ရဲတပ်သား ၅ ဦးဒဏ်ရရှိခဲ့ကာ ကျူးကျော်နေထိုင်သူ ၄ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ကျူးကျော်နေထိုင်သူတွေကို သက်ဆိုင်ရာဌာန အသီးသီးက အကြောင်းကြားစာ ၄ ကြိမ်ပို့ ထားခဲ့ပြီးနောက် ဒီနေ့ မနက်မှာ မန္တလေး စည်ပင်သာယာရေးကော်မတီ ကျူးရှင်းလင်းရေးအဖွဲ့နဲ့ အတူ မန္တလေးတိုင်း ရဲတပ်ဖွဲ့ဝင်တွေက ကျူးကျော်အိမ် ၂၅၀ ကျော်ကို ဝင်ရောက်ဖျက်ဆီးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013