DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေး မြိတ်မြို့တွင် ဆန္ဒပြတောင်းဆို
DVB
·
July 11, 2019
သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေး မြိတ်မြို့တွင် ဆန္ဒပြတောင်းဆို
1 / 5
Donate to DVB

တနင်္သာရီတိုင်းတိုင်းဒေသကြီး  မြိတ်မြို့မှာ သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေးနဲ့  ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေး Justice for Victoria ဆန္ဒပြပွဲကို ဇူလိုင်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို မြိတ်မြို့က ပြည်သူတွေ၊ ကျောင်းသူ/သားတွေအပါအ၀င် လူ ၁၀၀၀ လောက် ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူ ဒေါ်ရှင်ဌေးက “သက်ငယ်မုဒိန်းမှုတွေအတွက် ချမှတ်ထားတဲ့ဥပဒေက ထောင်ဒဏ် အနှစ် ၂၀ ပါ။ လွတ်ငြိမ်းချမ်းသာခွင့် မရှိဘူး။ မြိတ် တရားရုံးတွေမှာ ထောင်ဒဏ် ၁၀ နှစ် ထက်မပိုတဲ့ ပြစ်ဒဏ်တွေကိုပဲ ချမှတ်နေတာတွေ့ရတယ်။ ဖခင်ကသမီးကို ကျူးလွန်တဲ့အမှုတခုပဲ ၁၃ နှစ် ချမှတ်ထားတာ တွေ့ရသေးတယ်။ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး။ ကျမတို့ ရဲကို မုဒိမ်းမှု ဖြစ်တယ်လို့ အကြောင်းကြားရဲ့သားနဲ့ ရဲမရောက်လာလို့ ထွက်ပြေးသွားတဲ့ မုဒိန်းမှုတွေလည်း ရှိတယ်။ လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း မုဒိမ်းကောင်တွေ ပြန်လွှတ်ပေးနေတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာ ၁၂ နှစ်အောက် မုဒိမ်းမှုဖြစ်ရင် သေဒဏ်အထိ ပေးဖို့ တောင်းဆိုချင်ပါတယ်'' လို့ ပြောပါတယ်။

ဆန္ဒပြသူတွေက တရားဥပဒေစိုးမိုးရေး၊ ကလေးသူငယ်ဘ၀လုံခြုံရေး၊ ၁၂ နှစ်အောက် မုဒိမ်းမှုကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ရေး စတဲ့ပိုစတာတွေ ကိုင်ဆောင်ပြီး ချီတက်ကြွေးကြော်ခဲ့ကြပါတယ်။

ပုလဲရတနာခမ်းမရှေ့မှာတော့ ၈၈မျိုးဆက် ကိုလှမော်၊ ရှေ့နေများကွန်ရက်က စဧရာဝင်းနဲ့ ကလေးသူငယ် အခွင့်အရေးလှုပ်ရှားသူ ဒေါ်ရှင်ဌေးတို့က  ဟောပြောခဲ့ကြပါတယ်။

၈၈မျိုးဆက်မှ ကိုလှမော်က “ကျနော်တို့ တိုင်းပြည်ကြီးဟာ နိုင်ရာစားတဲ့ တောတွင်းဥပဒေကြီးဖြစ်နေပြီ ဗစ်တိုရီးယားအမှုဟာ တရားဥပဒေစိုးမိုးမှုမရှိတာ ပေါ်ပေါက်နေပါပြီ။ ကျနော်တို့ဟာ မလုံခြုံတဲ့ ပတ်ဝန်းကျင်ထဲမှာ နေထိုင်နေရတယ်။ ကျနော်တို့ရဲ့ ကလေးတွေ အညွန့်မကျိုးဖို့ ကာကွယ်နေရတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တရားဥပေဒစိုးမိုးရေး လုပ်ဆောင်နေတဲ့သူတွေ ဗစ်တိုးရီးယား အမှုကို အမှန်တရားဖော်ထုတ်ပေးဖို့လိုပါပြီ'' လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ မြိတ်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုရှေ့ကစတင်ကာ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမရှေ့ထိ စီတန်းလှည့်လည် ချီတက်ခဲ့ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ 

သတင်း- မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013