DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 11, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ပေါ်ဆန်း (စပါး)

ဒေးဒရဲကုန်စည်ဒိုင်မှာ ပေါ်ဆန်း (စပါး) တင်း ၁၀၀ ကို ၈၉၃၀၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဖျာပုံကုန်စည်ဒိုင်မှာ ပေါ်ဆန်း (စပါး) တင်း ၁၀၀ ကို ၉၀၂၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဒေးဒရဲနဲ့ ဖျာပုံကုန်စည်ဒိုင် ၉၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ဧည့်မထ (ဆန်)

ပုသိမ်ကုန်စည်ဒိုင်မှာ ဧည့်မထ (ဆန်) တအိတ်ကို ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မြောင်းမြကုန်စည်ဒိုင်မှာ ဧည့်မထ (ဆန်) တအိတ်ကို ၂၄၀၀၀ ပေါက်ဈေးရှိပါတယ်။ ပုသိမ်နဲ့ မြောင်းမြကုန်စည်ဒိုင် ၅၀၀ ကျပ် ဈေးကွာခြားပါတယ်။

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၉၄၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၃၆၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိဿာ ၆၀ ဝင်တအိတ်ကို ၉၉၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၇၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၁၅၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကုလားပဲ (နိုင်းတူးနိုင်း)

မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ (နိုင်းတူးနိုင်း) က ၅၆ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၈၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ကုလားပဲ (နိုင်းတူးနိုင်း) တအိတ်ကို ၇၉၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၅၀၀ ကျပ် ဈေးကွာခြားပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီ တပိဿာကို ၁၄၈၀ ကနေ ၁၄၉၀ အထိ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးကျသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ စားအုန်းဆီ တပိဿာကို ၁၅၅၀ ကနေ ၁၅၆၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၇၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013