DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် အရက်မူးပြီးအိပ်နေသည့်  မြန်မာ ၁ ဦး ကားကြိတ်ခံရပြီး သေဆုံး 
DVB
·
July 11, 2019
ဘန်ကောက်တွင် အရက်မူးပြီးအိပ်နေသည့်  မြန်မာ ၁ ဦး ကားကြိတ်ခံရပြီး သေဆုံး 
1 / 2
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အရက်မူးပြီး သူများအိမ်ရှေ့မှာ သွားအိပ်နေ တဲ့ မြန်မာအလုပ်သမား ၁ ဦး ကားကြိတ်ခံရလို့ သေဆုံးသွားပါတယ်။ 

ဘန်ကောက် ခန်းနားယောင်းနယ်မြေရဲစခန်းက အများပြည်သူကို ဖွင့်ပြလိုက်တဲ့ စီစီတီဗွီကင်မရာထဲမှာ ဇူလိုင် ၈ ရက် ညနေ ၅ နာရီ ၁၀ မိနစ်အချိန် ရာမ်းအင်ထရာလမ်း အိမ်အမှတ် ၇၉/၈ ရှေ့မှာ လူတယောက် မှောက်လျက်အနေအထားနဲ့ အိပ်နေတာ မြင်တွေ့ရပါတယ်။ 

တခဏအကြာ အဖြူရောင်ဆလွန်းကားတစီးက လမ်းမကြီးဘက်ကနေအိမ်ကို ဘယ်ဘယ် ချိုးကွေ့ဝင်ရောက်လာခဲ့ပါတယ်။ 

သူ့ကားဟာ တစုံတရာကိုကြိတ်မိကြောင်း သိရှိရတဲ့ကားမောင်းသမားက  ကားပေါ်ကဆင်းလာပြီး ကားအောက်ကလူကို ဆွဲထုတ်ကာ နုတ်ဖရတ်-ရာ့ခ်ျဌာနီဆေးရုံကို ပို့ပေးခဲ့ပါတယ်။ 

ဒါပေမယ့် ကားကြိတ်ခံရသူဟာ ဆေးရုံမှာ သေဆုံးသွားကြောင်း၊ ထိုသူမှာ အသက် ၄၈ နှစ်အရွယ်ရှိ ကျော်ဇောသန်းဆိုသူမြန်မာအလုပ်သမားတဦးဖြစ်တယ်လို့ ခန်းနားယောင်း နယ်မြေရဲ စခန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

အဆိုပါရပ်ကွက်နေသူ ၁ ဦးက သေဆုံးသူ ကျော်ဇောသန်းဟာ အရင်က ခြံအလုပ်သမား ဖြစ်ပြီး ညနေတိုင်းအရက်သောက်တတ်လို့ အလုပ်ရှင်က နှင်ထုတ်ထားကြောင်း၊ အဲဒီနောက် နေ့စားဆောက်လုပ်ရေး အလုပ်သမားဝင်လုပ်ရာမှာလည်း ညနေတိုင်း မူးအောင်သောက်ပြီး မူးတဲ့နေရာမှာ လှဲအိပ်တတ်တဲ့အကျင့်ရှိကြောင်း၊ သူ့မှာ မိသားစု၊ မိတ်ဆွေတွေရှိတာ မတွေ့ရဘဲ တကောင်ကြွက်၊ လေလွင့်သူလိုဖြစ်နေတယ်လို့ ပြောပါတယ်။ 

တာဝန်ရှိသူတွေက အလောင်းကို ထိန်းသိမ်းထားပြီး အလောင်းပိုင်ရှင် မိဘဆွေမျိုးတွေအနေနဲ့  ခန်းနားယောင်းနယ်မြေရဲစခန်း တာဝန်ကျရဲအုပ် ဆုမ်ဆတ်ခ် လီကာ ဖုန်းနံပတ် ၀၈၀ ၇၀၇ ၉၉၆၀ ကို ဆက်သွယ်ဖို့ ကြေညာထားပါတယ်။ 

ကိုးကား - ထိုင်းရတ်သတင်း၊ ခန်းနားယောင်းနယ်မြေရဲတပ်ဖွဲ့ ဖေ့စ်ဘုတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013