DVB Logo
Home
မြန်မာသတင်း
မိန်းကလေးငယ် ၁ ဦးကို အ၀တ်ချွတ်ပြီး အုပ်စုဖွဲ့ရိုက်နှက်မှုဖြင့် မိန်းကလေး ၄ ဦးဖမ်းဆီးခံရ 
DVB
·
July 10, 2019
မိန်းကလေးငယ် ၁ ဦးကို အ၀တ်ချွတ်ပြီး အုပ်စုဖွဲ့ရိုက်နှက်မှုဖြင့် မိန်းကလေး ၄ ဦးဖမ်းဆီးခံရ 
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့မှာ မိန်းကလေးငယ် ၁ ဦးကို အခြားမိန်းကလေး တအုပ်က အ၀တ်ချွတ်ပြီး ရိုက်နှက်နှိပ်စက်နေတဲ့ ဗွီဒီယိုပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်ပေါ်မှာ တက်လာပြီးတဲ့နောက် တန့်ယန်းမြို့နယ်ရဲတပ်ဖွဲ့က ကျူးလွန်သူမိန်းကလေး ၄ ဦးကို ဖမ်းဆီး လိုက်ပါတယ်။

ဇူလိုင် ၇ ရက်နေ့ခင်းပိုင်းက တန့်ယန်းမြို့ ကျောက်တောင် တရုတ်နတ်စင်အနီးမှာ   ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျူးလွန်သူမိန်းကလေးတချို့ကို ရဲတပ်ဖွဲ့က ဇူလိုင် ၉ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ နစ်နာသူမိန်းကလေးဘက်က တရားမျှတမှုရရှိရေး လိုက်လံဆောင်ရွက်ပေး နေတဲ့ TYO ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။ 

“တန့်ယန်းကသူငယ်ချင်းတွေက ဒီကိစ္စအတွက် လှမ်းခေါ်လို့ ကျနော်တို့လည်း ရဲစခန်းကို လိုက်သွားတယ်။  မိန်းကလေး ၄ ယောက်ဖမ်းထားပြီး ၃ ယောက် လွတ်နေတယ်ပြောတယ်။ လွတ်နေတဲ့အထဲမှာ အသက် ၁၉ နှစ်ရှိတဲ့ အေးလုံ ဆိုတာ သူတို့အဖွဲ့ခေါင်းဆောင်၊ အဖွဲ့နာမည် ကို ဒဗလျူဝိုင်လို့ ပေးထားတယ်တဲ့၊ အရိုက်ခံရတဲ့ မိန်းကလေးရော ရိုက်တဲ့မိန်းကလေးတွေပါ ပုဂ္ဂလိကတရုတ်စာသင်ကျောင်း တကျောင်းကပါ။ ပြဿနာဖြစ်တော့ သူတို့ကျောင်းကဆရာမက နှစ်ဘက်မိဘအုပ်ထိန်းသူတွေပါခေါ်ပြီး အချင်းချင်း တောင်းပန်ကျေအေးဖို့ပြောသေးတယ်။ ဒါပေမယ့် အဲဒီနေ့က အရိုက်ခံရတဲ့ မိန်းကလေးက ၄ ယောက်တောင်ရှိတယ်။ အားလုံးက မကျေအေးနိုင်လို့ ရဲစခန်းကိုသွားတိုင်လိုက်တာ။”

ရိုက်နှက်မှုကျူးလွန်သူ မိန်းကလေးတွေကို ပုဒ်မ ၁၁၄ ရိုက်နှက်မှုဖြစ်အောင် အားပေး ကူညီမှု၊ ပုဒ်မ ၃၅၄ တပါးသူအား ကာယဣနြေ္ဒပျက်ပြားစေမှု၊ ပုဒ်မ ၂၉၄ တပါးသူအား နာကျင်စေမှု၊ ပုဒ်မ ၃၂၅ ကိုယ်ထိလက်ရောက်ကျူးလွန်မှု  စတဲ့ ပုဒ်မ ၄ ခုနဲ့ ရဲစခန်းက အမှုဖွင့်ထားပါတယ်။

နစ်နာသူမိန်းကလေးဘက်ကတော့ အဆိုပါ ပုဒ်မတွေအပြင် ဆက်သွယ်ရေးဥပဒေနဲ့ပါ ထပ်မံတရားစွဲဖို့တောင်းဆိုခဲ့ပေမယ် ရဲစခန်းကတော့ ကျုးလွန်သူ မိန်းကလေးတွေက အဆိုပါ ဗွီဒီယိုဖိုင်ကို ရိုက်ကူးဖော်ပြသူမဟုတ်ကြောင်း ငြင်းဆိုထားဆဲမို့ အရေးမယူဘူးလို့ ပြောထားပါတယ်။

အရိုက်ခံရတဲ့ အသက် ၁၄နှစ်အရွယ်မိန်းကလေးက ကျောင်းအောက်တွင်ရှိနေစဉ် ရိုက်တဲ့ မိန်းကလေးတွေက ကျောင်းဆောင်အပေါ်ထပ်ကနေ ရေသွန်ချလာတာကို မိန်းကလေးက မော့ကြည့်တဲ့အတွက်  မကျေနပ်လို့ ချိန်းဆို ရိုက်နှက်တာလို့ ဆိုပါတယ်။ 

ရိုက်နှက်မှုကျူးလွန်တဲ့ မိန်းကလေး ၇ ဦးဟာ အသက်အငယ်ဆုံး ၁၅ နှစ်မှ အကြီးဆုံး ၁၉ နှစ်ထိရှိပြီး ဒီမတိုင်ခင်က  တခြားမိန်းကလေး ၃ ယောက်ကိုလည်း အကြောင်းမဲ့ ရိုက်ခဲ့သေး ကြောင်း၊ ဒီလိုအရိုက်ခံရတဲ့ကိစ္စ လူကြီးတွေတိုင်မပြောရ၊ တိုင်ရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ လည်းဆိုပါတယ်။

အရိုက်ခံရတဲ့ မိန်းကလေးဟာ အိမ်ရောက်တော့ လူကြီးတွေကို မပြောပြရဲဘဲ ရေချိုးပြီး အိပ်နေကြောင်း၊ အဒေါ်ဖြစ်သူက အွန်လိုင်းပေါ်က ဗွီဒီယိုဖိုင်ပြပြီးမေးတော့မှ အကြောင်းစုံကို ငိုယိုပြောပြခဲ့ကာ ရလာတဲ့ ဒဏ်ရာတွေပြတဲ့အတွက် ဆေးထည့်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013