DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် အေအန်ပီပါတီ စစ်တွေမြို့တွင် တွေ့ဆုံ 
DVB
·
July 10, 2019
ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် အေအန်ပီပါတီ စစ်တွေမြို့တွင် တွေ့ဆုံ 
1 / 5
Donate to DVB

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရွှာနာဘာဂျီနာဟာ ဒီကနေ့ မနက်ပိုင်း Yangon Air လေကြောင်းလိုင်းနဲ့ စစ်တွေလေဆိပ်ကို ရောက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ လေဆိပ်ခန်းမဆောင်မှာ တွေ့ဆုံခဲ့ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့နဲ့တွေ့ဆုံအပြီးမှာတော့ စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ (အေအန်ပီ) ရုံးချုပ်ကို သွားရောက်ခဲ့ပြီး ပါတီတာဝန်ရှိသူတွေနဲ့တွေ့ဆုံကာ လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ရခိုင်အရေးကိစ္စတွေကို ၁ နာရီကျော်ကြာဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှု နည်းပါးတဲ့ အတွက်ကြောင့် အဆိုးဝါးဆုံး အခြေအနေဖြစ်နေသလို မိုးရာသီကာလရောက်လာပေမယ့် စစ်ဘေးရှောင်တွေဟာ နေစရာနေရာ အဆင့်သင်မဖြစ်တာအပါအဝင် လယ်သမားတွေ လယ်စိုက်ပျိုးလို့မရတဲ့ အခြေအနေတွေကို အေအန်ပီပါတီက  တင်ပြခဲ့ပါတယ်။

ဒါ့အပြင်ညမထွက်ရအမိန့် ၁၄၄ ထုတ်ပြန်ထားလို့ လွတ်လပ်စွာသွားလာခွင့်တွေ ပိတ်ပင်ခံရတာတွေ၊ အင်တာနက်လိုင်းပိတ်ပင်လိုက်တာကြောင့် စီးပွားရေးနဲ့ ကုန်သွယ်ရေးတွေ များစွာနှောင့်နှေးရတာကိုလည်း  မစ္စ ဘာဂျီနာကို တင်ပြခဲ့ကြပါတယ်။

တိုက်ပွဲတွေအတွင်းမှာ အရပ်သားတွေမတရားဖမ်းဆီးခံရတာတွေ၊ သတ်ဖြတ်ခံရတာတွေ၊ ဖမ်းဆီးမှုတွေမြင့်တက်လာနေတာတွေကို အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို ပြောပြခဲ့ပါတယ်။

ကုလသမဂ္ဂ ကိုယ်စားလှယ်ကတော့ ဒီကိစ္စတွေကို အစိုးရအဖွဲ့အစည်းတွေနဲ့ တပ်မတော်နဲ့ တွေ့ဆုံတဲ့အခါမှာ တင်ပြပေးမယ်လို့ ပြောသွားတဲ့အကြောင်း ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်းက ပြောပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ စစ်တွေဟိုတယ်မှာ တွေ့ဆုံနေသလို ညနေပိုင်းမှာ စစ်တွေမြို့မှာရှိနေတဲ့ ရခိုင်စစ်ဘေးရှောင်တွေနဲ့  တွေ့ဆုံဖို့ရှိနေပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်မှာရှိတဲ့ မွတ်ဆလင်ကယ်ဆယ်ရေးစခန်းတွေကိုသွားရောက်ဖို့ရှိနေ သလို  မြေပုံမြို့က ကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေကြတဲ့ မွတ်ဆလင်တွေကိုလည်း သွားရောက် တွေ့ဆုံဖို့ ရှိပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရွှာနာဘာဂျီနာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကလည်း ရခိုင်ပြည်နယ်ကိုလာရောက်ခဲ့ပြီး နေပြည်တော်မှာ နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တပ်မတော်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013