DVB Logo
Home
မြန်မာသတင်း
မောင်တောကမ်းခြေတွင် မလေးရှားသွားမည့်  ၆၇ ဦးပါ လူမှောင်ခို စက်လှေဖမ်းမိ
DVB
·
July 10, 2019
မောင်တောကမ်းခြေတွင် မလေးရှားသွားမည့်  ၆၇ ဦးပါ လူမှောင်ခို စက်လှေဖမ်းမိ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပင်လယ်ကမ်းခြေမှာ မလေးရှားနိုင်ငံသို့ တရားမ၀င်သွားရောက်မယ့် လှေလုပ်သား ၄ ဦးအပါအ၀င် လူ ၆၇ ဦးနဲ့ စက်လှေတစီးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မောင်တောမြို့နယ်၊ မြင်းလွတ်ရွာနားမှာ ဇူလိုင် ၇ ရက် မနက် ၆နာရီခွဲလောက်က  စက်လှေလုပ်သား ၄ ဦး၊ မွတ်ဆလင် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၃၄ ဦးကို သေနတ်တလက်၊ ကျည်အိမ်တခု၊ ကျည် ၉၉ တောင့်နဲ့ အတူဖမ်းမိခဲ့တာလို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြင်းလွတ်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ စက်လှေ တစီး ဆိုက်ကပ်လာကြောင်း သတင်းအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ “(တ) အောင်စိုးကျော်”လို့ အမည်ရေးထားတဲ့ အလျား(၇၀)ပေ၊ အနံ(၂၅)ပေရှိ စက်လှေ တစီးကို ဝမ်းဗိုက်အတွင်း ရေတွေဝင်ကာ ရပ်တန့်ထားတာကို တွေ့ရှိခဲ့တာပါ။

ကမ်းခြေအနီးဝန်းကျင်နယ်မြေကို လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ရာမှာ သပြေတော ရွာပျက်အနီးမှာ ဟာမက်တူဆောင်း(ခ)ကျော်လှပါ မွတ်ဆလင် ၆၃ ဦးနဲ့ ဂျင်းတောရွာအနီး လယ်တဲထဲမှာ ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်နေ စက်လှေမောင်း ဇော်လတ် အပါအ၀င် စက်လှေလုပ်သား  ၄ ဦးကို တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနေ ဟာမက်တူဆောင်း(ခ)ကျော်လှကို မလေးရှားနိုင်ငံသား လူမှောင်ခိုသူဌေးတဦးက ရင်းဂစ်ငွေ ၃,၀၀၀ ပေးပြီး တရားမဝင် လူမှောင်ခိုသယ်ဆောင်ဖို့  စေလွှတ်ခဲ့တာဖြစ်ကြောင်း ပေါ် ပေါက်ခဲ့ တယ်လို့ သိရပါတယ်။ 

မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်မယ်သူတွေထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကူတူပါလောင်၊ ဘာလူခါလီ၊ မူဆိုနီနဲ့ ထန်ခါလီဒုက္ခသည်စခန်းတွေနဲ့ စစ်တွေမြို့နယ်ရှိ ဆေးသမားကြီး၊ ဖွေတာကုန်း၊ စခန်းကွဲ၊ ဘောမူဂေါ်၊ ဓားပိန်ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေ ပါဝင်ပြီး ဦးလျင် ငွေကျပ် ၁၇ သိန်းနဲ့  မလေးရှားကို စက်လှေနဲ့ ပို့ဆောင်ပေးတာလို့ ဆိုပါတယ်။

ဇူလိုင်လ ၇ ရက်မနက်က ပင်လယ်ပြင်မှာ စက်လှေအင်ဂျင်ဆီကုန်ရပ်တန့်သွားပြီး ရာသီဥတုဆိုးရွားလှိုင်းကြီးနေလို့ စက်လှေထဲ ရေတွေဝင်ရောက် မျောပါကာ မြင်းလွတ်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ  သောင်တင်နေခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိထားတဲ့ စက်လှေလုပ်သား ၄ဦး၊ ဟာမက်တူဆောင်း (ခ) ကျော်လှနဲ့ သူ့ရဲ့မိခင် အဏ္ဏဝါဘေဂွန်(ခ)အန်နဝါဖာဂွန်တို့ စုစုပေါင်း( ၆ဦးကို အလယ်သံကျော်နယ်မြေ ရဲစခန်းက  ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၆၇/၃၇၁/၁၁၄ (ကျွန်ပြုရန် လူခိုးမှု/ ကျွန်ရောင်း ဝယ်မှု/ အားပေးကူညီမှုနဲ့ အရေးယူအမှုဖွင့်ထားပါတယ်။

ဒါ့အပြင် ဇော်လတ်ပါ စက်လှေ လုပ်သား ၄ ဦးနဲ့ ဟာမက်တူေ ဆာင်း(ခ)ကျော်လှပါ(၅)ဦးကို လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)အရလည်း အမှုဖွင့် အရေးယူထားပါတယ်။

စက်လှေပိုင်ရှင် ချစ်ကိုကိုလည်း  ရနောင်းမြို့မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရ မိထားပါတယ်။ 

ဓာတ်ပုံ- MOH

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013