DVB Logo
Home
မြန်မာသတင်း
H1N1 ကြောင့်သေဆုံးနှုန်း ၂၀၁၇ ခုနှစ်ကထက် ၂ ဆကျော်တိုးလာ
DVB
·
July 10, 2019
H1N1 ကြောင့်သေဆုံးနှုန်း ၂၀၁၇ ခုနှစ်ကထက် ၂ ဆကျော်တိုးလာ
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ရာသီတုပ်ကွေး H1N1 နဲ့သေဆုံးသူပေါင်း ဇူလိုင် ၉ ရက်အထိ ၃၄ ယောက်အထိရှိလာပြီး ၂၀၁၇ ခုနှစ်ကထက် သေဆုံးနှုန်း ၂ ဆကျော်တိုး လာပါတယ်။

၂၀၁၇ ခုနှစ်တုန်းက A(H1N1)pdm09 ပိုးကူးစက်ခံရသူပေါင်း ၄၀၆ ယောက်မှာ ၃၈ ယောက်သေဆုံးခဲ့ပြီး အခုတော့ ပိုးတွေ့သူ ၁၈၆ ယောက်မှာ သေဆုံးသူ ၃၄ ယောက်အထိ ရှိနေတာပါ။

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ထုတ်ပြန်တဲ့စာရင်းအရ မေလကနေ ဇူလိုင် ၉ ရက်အထိ သေဆုံးသူကတော့ ၃၄ ယောက်မှာ ရန်ကုန်တိုင်းက ၂၇ ယောက်၊ ဧရာဝတီတိုင်းက ၃ ယောက်၊ စစ်ကိုင်းတိုင်းက ၂ ယောက်၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တို့က ၁ ယောက်စီဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲမှာတော့ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက ၄ ယောက်စီ သေဆုံးခဲ့ပြီး မြောက်ဥက္ကလာပ၊ သာကေတ၊ မှော်ဘီနဲ့ စမ်းချောင်းမြို့နယ်တို့က ၂ ယောက်စီ သေဆုံးခဲ့ပါတယ်။

တာမွေ၊ ကမာရွတ်၊ ကျောက်တံတား၊ တွံတေး၊ သန်လျင်၊ ဒေါပုံ၊ ထန်းတပင်နဲ့ တိုက်ကြီးတို့ကလွဲရင် ကျန်တဲ့ ၃၁ မြို့နယ်မှာ ရောဂါပိုးကူးစက်ခံရသူတွေရှိနေတာပါ။

တနိုင်ငံလုံးအတိုင်းအတာမှာတော့ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းကလွဲရင် ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ ပိုးတွေ့လူနာတွေရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထား ပါတယ်။

သေဆုံးသူတွေရဲ့ ထက်ဝက်ကျော် ၅၂ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်ကနေ ၆၅ နှစ်အရွယ်တွေဖြစ်ပြီး အသက် ၁ နှစ်ကနေ ၅ နှစ်အရွယ်ကလေးတွေ သေတာကတော့ စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းရှိပါတယ်။

ရာသီတုပ်ကွေးရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက် မအီမသာတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အော့အန်တာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်တတ်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်ကနေ ၅ ရက်အတွင်း ဖြစ်ပါတယ်။

သေဆုံးသူအများစုဟာ နှလုံး၊ ဆီးချိုလို နာတာရှည်ရောဂါအခံရှိသူတွေလို့ ကျန်းမာရေး ဌာန တာဝန်ရှိသူတွေကပြောပြီး ဒီရောဂါဟာ အသက် ၂ နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၆၅ နှစ် အထက် လူကြီးတွေမှာ ပိုပြီး အဖြစ်များတယ်လို့လည်း ဆိုပါတယ်။

အရင်နှစ်တွေက ရောဂါပိုးတွေ့သူတွေကို ကုသနိုင်ဖို့ ဆေးရုံကြီး ၈ ခုမှာပဲ စီစဉ်ထား ခဲ့ပေမယ့် ဒီနှစ်မှာတော့ မြောက်ဥက္ကလာပ၊ အင်းစိန်၊ လှိုင်သာယာနဲ့ တိုင်းနဲ့ ပြည်နယ်အဆင့် ဆေးရုံကြီး ၁၅ ခုမှာ  တိုးချဲ့ ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013