DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှုကိစ္စ ရေးသားနေသည့် သက္ကမိုးညိုဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်ကို ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
July 10, 2019
ဗစ်တိုးရီးယားအမှုကိစ္စ ရေးသားနေသည့် သက္ကမိုးညိုဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်ကို ရဲတပ်ဖွဲ့ ဖမ်းဆီး
Donate to DVB

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့ Wisdom Hill မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားဘက်ကနေ တရားမျှတမှုရရှိရေး ကူညီဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်လိုက်ပါတယ်။ 

သက္ကမိုးညိုအကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းကို ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်က တရားလိုပြုလုပ်ပြီး  အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ အမှုဖွင့်ကာ ဖမ်းဆီးထားတာလို့ သက်ဆိုင်ရာ ရဲစခန်းကနေ စုံစမ်းသိရပါတယ်။

ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပတ်သက်ပြီး သက္ကမိုးညိုဆိုတဲ့အကောင့်အမည်နဲ့  လူမှုကွန်ရက် ပေါ်မှာ ရဲတပ်ဖွဲ့ဂုဏ်သိက္ခာ ကျဆင်းအောင်ရေးသားမှုနဲ့ ဇူလိုင် ၉ ရက်နေ့ ညနေက အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ ဒေါက်တာဝင်းကိုကိုသိန်းကို ပျဉ်းမနားမြို့မရဲစခန်းမှာ ခေါ်ယူ စစ်ဆေးနေပါတယ်။

ဇူလိုင် ၉ ရက်ညက နေပြည်တော်ရှိ သက္ကမိုးညိုနေထိုင်ရာ တိုက်ခန်းကို မသင်္ကာဖွယ် အရပ်ဝတ် ၂ ဦးလာရောက်ခဲ့ကြောင်းလည်း သက္ကမိုးညို အကောင့်မှာ ရေးသားခဲ့ပါတယ်။

သက္ကမိုးညိုဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ နေပြည်တော် Wisdom Hill ကျောင်းမှာဖြစ်ပွားခဲ့တဲ့ အသက် ၃ နှစ်အရွယ် မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားရဲ့ အမှုနဲ့ ပတ်သက်ပြီး အဆက်မပြတ် ရေးသားဖော်ပြပေးနေတာ ဖြစ်ပါတယ်။

အီလက်ထရောနစ်ပုဒ်မ ၃၄ (ဃ)ဟာ ငွေဒဏ် ကျပ် သိန်း ၅၀ (သို့မဟုတ်) ထောင်ဒဏ် တနှစ်မှ သုံးနှစ်အထိ ချနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013