DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်ကမ်းပါးပြိုကျသဖြင့် ရေစကြိုမြို့နယ်၌ ကိုယ်ထူကိုယ်ထရေကာတာ အ​ရေး​ပေါ်တည်ဆောက်နေ
DVB
·
July 10, 2019
ချင်းတွင်းမြစ်ကမ်းပါးပြိုကျသဖြင့် ရေစကြိုမြို့နယ်၌ ကိုယ်ထူကိုယ်ထရေကာတာ အ​ရေး​ပေါ်တည်ဆောက်နေ
1 / 8
Donate to DVB

ရေစကြိုမြို့နယ်၊ ပေါက်တောကျေးရွာမှာ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ဇူလိုင် ၉ ရက်ကစပြီး ရေကာတာတခုကို ကိုယ်​ထူကိုယ်​ထ​ အ​ရေး​ပေါ်တည်ဆောက်နေရပါတယ်။

ရေကာတာတည်ဆောက်ရေးလုပ်ငန်း ဦးဆောင်သူ  ဦးထွန်းအောင်ကျော်က “ဇွန်လဆန်း​လောက်​က စပြီး ​ကျေးရွာကမ်းပါးကို ချင်းတွင်းမြစ်​ရေက ပေ ၅၀ ​လောက်​ တလအတွင်းပြိုကြခဲ့တာ။ လူနေအိမ်​တွေနဲ့ ၇ ပေ​လောက်​အထိ နီးကပ်​လာလို့ မြစ်ရေတိုးလာပြီး အချိန်မီ မထိန်းနိုင်ရင်​ ကျနော်တို့ ကျေးရွာပြည်သူတွေရဲ့ နေအိမ်​တွေနဲ့ လယ်ယာမြေတွေ ဆုံးရှုံးရ​တော့မယ့် အနေအထားရှိလာနိုင်တယ်​။ အဲဒါ​ကြောင့်​ ကျေးရွာလူထု ထည့်ဝင်ငွေ ကျပ်သိန်း ၁၀၀ ​လောက်​နဲ့ အ​ရေး​ပေါ်​ဆောင်​ရွက်​​နေရတယ်​။”လို့ ပြောပါတယ်။

ရေကာတာတည်ဆောက်ရာမှာ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေက ဝါးနဲ့ ပိုင်ချတာ၊ ပိုက်ကွန်တပ်ဆင်တာ၊ သစ်ကိုင်းတွေနဲ့ သဲအိမ်ထည့်တဲ့လုပ်ငန်းတွေကို ဇူလိုင်လ ၉ ရက်မှ ၁၂ ရက်အထိ ၄ ကြာတည်ဆောက်ရမှာဖြစ်​​တယ်လို့ မြို့နယ် မီးသတ်ဦးစီး ဦးညီညီအောင်က ​ပြောပါတယ်​။

ဇွန်လ ၂၆ ရက်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းမြစ်ချောင်းဖြိုးဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ ပေါက်တောကျးရွာကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေတာကာ တည်ဆောက်တဲ့လုပ်ငန်းကို မြစ်ချောင်းဖြိုးဦးစီးဌာနရဲ့ လမ်းညွှန်ပေးမှုနဲ့ ခုလို တည်ဆောက်နေတာလည်းဖြစ်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ​ပေါက်​​တော​ကျေးရွာမှာ ၂ ရက်အတွင်း ၅ လက်မလောက်  မြစ်ရေတိုးနေပြီး မိုးအဆက်မပြတ်ရွာနေတာကြောင့် နောက်ထပ်အတွင်း မြစ်ရေထပ်တိုးလာ ဖွယ်ရှိနေပါတယ်။

ချင်းတွင်းမြစ်ကမ်းပါးပြိုနေတဲ့ ပေါက်တောကျေးရွာမှာ အိမ်ခြေ ၃၇၀ ၊ အိမ်ထောင်စု ၄၅၀ ၊ လူဦးရေ ၂၀၀၀ လောက် နေထိုင်ကြတာ ဖြစ်ပါတယ်​။

သတင်း-ကိုလင်း(​ချောက်​)၊ ဓာတ်ပုံ- ဦးညီညီအောင်/ ဦးထွန်းအောင်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013