DVB Logo
Home
မြန်မာသတင်း
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွင် မြေပြို
DVB
·
July 10, 2019
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွင် မြေပြို
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသ လဟယ်မြို့သစ်ရှိ လူနေအိမ်တွေရှိတဲ့ နေရာမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လတ်တလော မိုးတွေအဆက်မပြတ်ရွာသွန်းနေတာကြောင့် ခန္တီး-ဆင်သေ- လဟယ်သွားတဲ့လမ်းမှာလည်း သစ်ပင်တွေလဲကျလို့   ဒေသခံတွေ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

မြေပြိုကျမှုနဲ့ သစ်ပင်တွေလဲကျတာကြောင့် လူတွေထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။ 

ခန္တီးမြို့မှာလည်း  ဇူလိုင် ၆ ရက်လောက်ကစပြီး မိုးတွေ အဆက်မပြတ်ရွာသွန်း နေတာကြောင့် ချင်းတွင်းမြစ်ရေဟာ တရက်ကို ၃ပေလောက် မြင့်တက်လာနေပြီး မြစ်ရေကြီးမှာကို စိုးရိမ်နေကြတယ်လို့ ခန္တီးမြို့ခံ ကိုအောင်မျိုးကပြောပါတယ်။

ဒါပေမယ့် အခုလိုချင်းတွင်းမြစ်ရေတက်လာကြောင့်  ခန္တီး -မုံရွာ ပြေးဆွဲနေတဲ့ စက်လှေတွေ အဆင်ပြေတယ်လို့  ကုန်တင်စက်လှေပိုင်ရှင် ကိုနိုင်လင်းကပြောပါတယ်။

“မြစ်ရေတိုးလာတော့ ကျနော်တို့ စက်လှေတွေ သွားလာရတာအဆင်ပြေပါတယ်။ အရင်ကဆို မြစ်ရေနည်းတော့ ရေကြောင်းတွေက ကျပ်တယ်။ အခုမြစ်ရေတိုးတော့ ငါးညအိပ်လောက်နဲ့ မုံရွာကနေ ခန္တ္တီးကို ဆန်ရတယ်။ ကုန်စည်တွေ စီးဆင်းမှုမြန်လာတယ်”

လက်ရှိအချိန်အထိတော့ ခန္တီးမြို့မှာ ချင်းတွင်းမြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာကို မရောက်ရှိသေးပါဘူး။

မိုးလေ၀သနဲ့ ဇလဗေဒဌာနရဲ့တိုင်းထွာချက်အရတော့ ခန္တီးမြို့မှာ ချင်းတွင်းမြစ်ရေဟာ မနေ့ မွန်းလွဲပိုင်းက မြစ်ရေအမှတ် ၈၄၄ စင်တီမီတာမှာ ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ၉၂၄ စင်တီမီတာကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

သတင်း- အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013