DVB Logo
Home
မြန်မာသတင်း
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မိခင်ကို သားအရင်းက ခေါင်းအုံးဖြင့်ဖိသတ်
DVB
·
July 9, 2019
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မိခင်ကို သားအရင်းက ခေါင်းအုံးဖြင့်ဖိသတ်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး  ဒဂုံဆိပ်ကမ်းမြို့နယ်မှာ သားဖြစ်သူက မိခင်ကို ခေါင်းအုံးနဲ့ ဖိသတ်မှုဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀ ရပ်ကွက်၊ လမ်းသွယ် ၂ မှာ နေထိုင်တဲ့ ဒေါ်ထွေးကြည်ကို သားအရင်းဖြစ်သူ စိုင်းကြည်မြင့်က ခေါင်းအုံးနဲ့ ဖိသတ်လိုက်တယ်လို့ကြားတာကြောင့် သွားကြည့်ရာမှာ မိခင်ဖြစ်သူကို အိမ်ရှေ့ခန်း အိပ်ရာပေါ်မှာ ဘယ်ဘက်ပါးနဲ့ နား ညိုမဲဒဏ်ရာရပြီး နှာခေါင်းသွေးထွက်ပြီး ပက်လက်သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ မနေ့ည ၉ နာရီက သေဆုံးသူရဲ့ သမီးကနေ လာရောက်တိုင်တန်းခဲ့တာပါ။

ရဲတပ်ဖွဲ့က စုံစမ်းရာမှာ စိုင်းကြည်မြင့်ဟာ အရက်အမြဲမူးနေပြီး အလုပ်မလုပ်လို့ မိခင်ဖြစ်သူက မကြာခဏပြောဆိုဆုံးမတာကို နားငြီးတယ်ဆိုပြီး မျက်နှာကို ခေါင်းအုံးနဲ့ ဖိသတ်တာ စစ်ဆေး ပေါ်ပေါက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒါကြောင့် အသက် ၃၄ နှစ်အရွယ် စိုင်းကြည်မြင့်ကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး ဥပဒေနဲ့အညီ အမြန်ဆုံးတရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013