DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမည့်သူများအတွက် နေအိမ်အလုံး ၂၅၀ အိန္ဒိယ ပေးအပ်  
DVB
·
July 9, 2019
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမည့်သူများအတွက် နေအိမ်အလုံး ၂၅၀ အိန္ဒိယ ပေးအပ်  
1 / 7
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာသွားခဲ့ကြပြီး ပြန်လည်ဝင်ရောက်လာမယ့်သူတွေ အသုံးပြုနိုင်ဖို့အတွက်  အသင့်ဆောက်လုပ်ပြီး လူနေအိမ်အလုံး ၂၅၀ ကို အိန္ဒိယအစိုးရက မြန်မာအစိုးရထံ ဒီကနေ့ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ 

အိန္ဒိယနိုင်ငံသံအမတ်ကြီး ဆူရတ်ဘ်ကူးမားက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ကျော်ဇံထံ နေအိမ်တွေနဲ့ သက်ဆိုင်ရာ စာရွက်စာတမ်းတွေကို ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဒီကနေ့ အခမ်းအနားနဲ့ ပေးအပ်ခဲ့တာပါ။

နေအိမ်တွေကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း ရွှေဇားရွာမှာ ၁၄၈ လုံး၊ ကြိမ်ချောင်းတောင်မှာ အလံး ၆၀ နဲ့  နံ့သာတောင်မှာ ၄၂ လုံး စုစုပေါင်း နေအိမ်အလုံးပေါင်း ၂၅၀ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအစိုးရဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် ၅နှစ်တာကာလ အတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်း ကူညီပေးဖို့လျာထားတယ်လို့လည်း အိန္ဒိယသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ အကြမ်းဖက်မှုဖြစ်စဉ်တွေအပြီး ရခိုင်ပြည်နယ် ​မောင်တောခရိုင်​ကနေ  လူပေါင်း ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်သွားခဲ့ကြရာမှာ ဇူလိုင် ၇ ရက်အထိ ဆန္ဒအ​လျှောက်​  မြန်မာနိုင်ငံဘက် ပြန်​၀င်​လာသူပေါင်း ၂၀၀ ကျော် ရှိ​တယ်လို့ ​မောင်​​တောခရိုင် ​အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးမှူး ဦးစိုး​အောင်​က​​ ပြောပါတယ်​။

ဓာတ်ပုံ- Embassy of India

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013